Hyung Is Mine

2.2K 163 29
                                    

Hyung is mine...

"ကိုကိုထယ်က သားအပိုင်''



1998ခုနှစ်တွင်ဖြစ်၏..။
မနက်မိုးလင်းမှာ ထသောင်းကျန်းနေတဲ့
ဂျောင်ဂုပိစိလေးအား ပါးပါးဖြစ်သူ
မင်ဂျီမင်းမှ ချီကာ ချော့သိပ်နေ၏..။

"ရှူး တိတ်ပါကွယ် အို အို အို''

"မိုချီရေ မရတော့ဘူး မင်းသားက
ဒီတစ်သက်အိပ်မယ်ထင်လို့လား အားနာပေမဲ့ကွာ ထယ်လေးပါးပါးကိုဖုန်းဆက်ရအောင်''

"ဟုတ်ကဲ့ အကို ကျွန်တော်ဆက်လိုက်မယ်''

ဂျီမင်းက ဖုန်းလေးအားကောက်ကိုင်၍
နံပါတ်တစ်ခုအားရိုက်နှိပ်လေသည်.။

"ဟဲလို ထယ်လေးပါးပါး''

"အာ ညီဂျီမင်း ပြောလေ''

"အစ်ကိုရေ အားနာပေမဲ့လေ ကျနော်တို့အိမ်ကို
ထယ်လေးကိုခေါ်ပြီးလာခဲ့ပါလားဟင်?
အစ်ကို့တူက မအိပ်ဘူး အစ်ကို့ယောကျာ်းရော
သဘောတူရဲ့လား''

"ရပါတယ် အကို့ယောကျာ်းက အကိုတစ်ခွန်းပဲ
အိမ်ကကောင်လေးကလည်း လာချင်နေတာ''

"ကျေးဇူးပါ အစ်ကိုရယ် ဒါဆိုကျနော်စောင့်နေမယ်နော်''

တစ်ဖက်မှဖုန်းချသွားတာမို့ ဂျီမင်းမှာ
သက်ပြင်းအရှည်ကြီးချရင်းသာ

"မင်းကတော့ ထယ်လေးနဲ့မှအိပ်တော့မယ်ထင်ပါ့''

ဂျောင်ဂုလေးကို ရင်ဝယ်ပိုက်ပြီး
အိမ်ရှေ့မှာ ရပ်နေရင်း ထယ်ယောင်ပါးပါးကို
စောင့်နေ၏..။

Knock knock

"ဦးဦး သားသားရာပီ(လာပြီ)''

"တိုတိုထယ်''

ထယ်ယောင်းအသံကြားသည်နှင့်
လက်ထဲကနေ ကော့ထိုးကာ ဆင်းချင်နေသော
ဂျောင်ဂုလေးရယ်ပါ

"ဟာ အတေးရေး(အသေးလေး)
နိုးပြီရား''

"အိပ်ကိုမအိပ်တာပါ သားငယ်ရယ်
လာလာ အထဲဝင် အေးနေမှာပေါ့ ပါးပါးရော''

"ပါးပါးက မလိုက်ဘူး ဦးဦး
အိမ်ကနီးနီးလေးဟာကို သားသား ကိုယ့်ဘာကိုလာနိုင်ပါတယ် ဒါချို(ဒါဆို)ဝင်ပြီနော်''

အကျီကုတ်အရှည်ကြီးအား မ၍
အိမ်ထဲဝင်လာသည်။
ဆောင်းရာသီမနက်ခင်းမို့ အေးစိမ့်စိမ့်
နှင်းများကြောင့် စိုစိုစွတ်စွတ်ဖြစ်နေတဲ့အထဲ
အနွေးထည်ပါးပါးလေးနဲ့ထွက်လာတဲ့
ထယ်ယောင်းမှာ ပါးဖောင်းလေးနှစ်ဖက်က
ရဲတွတ်လို့..။

Hyung Is Mine //TK//Where stories live. Discover now