The End

14.5K 1.4K 236
                                    

ကျောက်နံရံပေါ် တောက်လျှောက်ပြေးနေတဲ့ပုံရိပ်နဲ့ အနောက်က တရစပ်လိုက်နေတဲ့ မီးတောက်တွေ။ ပုံရိပ်ဟာ မီးတောက်တွေကို ခုန်ပျံကျော်လွှားရှောင်ပြီးနောက် မီးတောက်ပစ်လွှတ်သူဆီလှမ်းခုန်ပြီး မျက်နှာတည့်တည့် ဖြတ်ကန်လိုက်ရဲ့။

ဖျောင်းကနဲအသံနှင့် မြေကြီးထဲထိုးဝင်သွားသော Marius ။ ဆံပင်တစ်ချက်သပ်လိုက်တဲ့ ရိပေါ်။

ချိုင့်သွားတဲ့မြေကြီးထဲကနေ မြေဟောက်တွေထွက်လာပြီး ရိပေါ်ကိုရစ်ပတ်တယ်။ ထိုအခိုက်မှာပဲ လက်ကနဲလွင့်လာတဲ့ ဓားသွားတစ်ခုက မြွေတွေကို အပိုင်းပိုင်းဖြတ်ပစ်လိုက်ရဲ့။ ဓားချွန်ဟာ စြင်္ကာလိုလွင့်ပျံရင်း ပိုင်ရှင်လက်ထဲပြန်ရောက်သွားတယ်။ ဓားပိုင်ရှင်ဟာ လိမ္မော်နီရောင်မျက်ဝန်းများနဲ့ ကျက်သရေခညောင်းပါသော ရှောင်းကျန့်။

Marius မြေကြီးထဲမှ ခုန်ထွက်ပြီး ရှောင်းကျန့်ကိုတိုက်ခိုက်တယ်။ ရှောင်းကျန့် ခေါင်းပေါ် လက်တစ်ဖက်မြှောက်လိုက်ချိန် မြေပြင်မှ ငရဲမီးတောက်ကြီးထွက်လာပြီး Marius ကို ဝါးမျိုသွားရဲ့။ မီးတောက်ထဲမှ ရှောင်ထွက်သွားတဲ့ Marius ခန္ဓာကိုယ်ဟာ အငွေ့တလူလူဖြစ်ရုံမှလွဲ လုံးဝမီးမစွဲ။

"ဒီကောင် တယ်ဟုတ်နေပါ့လား"

"ခင်ဗျားအစွမ်းတွေစုပ်ထားတယ်လေ မီးဒဏ်ခံနိုင်တာမဆန်းဘူး"

"သြော... ဒီလိုကို"

Marius က အငွေ့ထနေတဲ့လက်မောင်းကို နှစ်ချက်ခါရင်း ရှောင်းကျန့်ကို စိုက်ကြည့်တယ်။ မြင်ကွင်းထဲ ရှောင်းကျန့်တစ်ယောက်တည်းမဟုတ်။ ဝမ်ရိပေါ်လည်းရှိနေတယ်။ Marius မကျေမချမ်း တောက်ခေါက်လိုက်ရဲ့။

ဘာလို့လဲ?! ဘာလို့ သူ့မြင်ကွင်းတိုင်းမှာ Eloise ချည်းပဲမဟုတ်ဘဲ နောက်တစ်ယောက်ပါ ရှိနေရတာလဲ!

ဘေးကတစ်ယောက်ကို ရှင်းပစ်ချင်တယ်။ တကယ်လည်း ရှင်းထုတ်ခဲ့ပါလျက် နောက်တစ်ခေါက် ထပ်ရောက်လာတယ်။ သူဘယ်လိုလုပ်မှ အဲ့ဘေးကလူ ပျောက်ကွယ်သွားမှာလဲ။

"Eloise will be mine forever"

Marius ခပ်တိုးတိုးရေရွတ်ရင်း လက်သင်္ကေတအချို့ပြုကာ ရှောင်းကျန့်တည့်တည့် ချိန်လိုက်တယ်။ ခဏလေးအတွင်း လေအဟုန်တွေတိုက်လာရင်း ရှောင်းကျန့်တစ်ယောက် လွင့်ထွက်ပြီး သစ်ပင်ပင်စည်မှာ ပြေးကပ်လေရဲ့။ ထို့အပြင် ပင်စည်ကနေ ပြန်ခွာလို့မရတော့ပေ။

Devils Don't Love Where stories live. Discover now