Last(Eden Contest)

722 45 11
                                    

[ Zawgyi ]

မှန်ပြတင်းပြင်က တဖွဲဖွဲကျဆင်းနေတဲ့ နှင်းစက်တို့ကို ငေးကြည့်မိသည် ။ ကျဆင်းနေသော နှင်းစက်တို့သည် ဒီနှစ်ဆောင်းရာသီအတွက်ပထမဆုံးကျဆင်းခြင်းဖြစ်သည်။ပထမဆုံးနှင်းကျတာကိုမြင်တဲ့အခါဆုတောင်းရင် ဆုတောင်းပြည့်တယ်ဆိုတဲ့ ချစ်ရသူပြောတဲ့စကားကိုကြားယောင်မိတော့ ပြုံးယောင်သန်းမိသည်။ နုံးချိနေတဲ့ ခန္ဓာကိုယ်က ကုတင်ထက်မှာအသာအယာလှဲလျောင်းနေစဉ် ဝတ်ဆင်ထားတဲ့အနွေးထည်အင်္ကျီအိတ်ကပ် ထဲကဖုန်းမှမက်ဆေ့ခ်ျဝင်လာခဲ့သည်။ မက်ဆေ့ခ်ျပို့လာသူရဲ့ နာမည်ကိုကြည့်မိတော့ "သည်းငယ်" တဲ့ ။ "သည်းငယ်" ဆိုတဲ့နာမည်ကို မြင်မိတော့ အပြုံးတို့က မျက်နှာထက်မှာ ပေါ်ပေါက်လာပြန်သည် ။ မက်ဆေ့ခ်ျကိုဖတ်ကြည့်တော့

"Joon ကျွန်တော် ဒီနှစ်ခရစ္စမတ်မှာ ကိုရီးယားကိုမရရအောင်ပြန်လာခဲ့မယ်နော် ကျွန်တော့်ကိုလာကြိုမယ်မလား Joon "

မက်ဆေ့ခ်ျကို ဖတ်ပြီးနောက် ဝမ်းသာမှုနှင့်အတူ ဝမ်းနည်းမျက်ရည်တို့က ကျဆင်းလာရပြန်သည် ။

လွမ်းနေခဲ့ရတာ ၊ တွေ့ချင်နေခဲ့တာ . . . ။

"လာကြိုမှာပေါ့ သည်းငယ်ရယ်. .။ ဒီနေ့ နှင်းတွေစကျတယ်သိလား"

"ကျွန်တော် ဆုတောင်းချင်လိုက်တာ Joonရာ"

"သည်းငယ်က ဘာတွေဆုတောင်းချင်လို့လဲ"

"Joonနဲ့ အတူတူနေရဖို့ကိုလေ "

"သည်းငယ်အစား ကိုယ်ကဆုတောင်းပေးထားမယ်"

"ဆုတောင်းတွေပြည့်ရင်ကောင်းမယ် Joon"

"ပြည့်မှာပါ သည်းငယ်ရယ်"

"ဒါနဲ့Joon. . Joonလည်း လိမ္မာပါတော့ ကျွန်တော့်ကိုချစ်ရင်. . Joon အမှားတွေသာဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်နဲ့Joon ဒီထက်ဝေးဖို့ပဲရှိတော့မယ်ထင်တယ်"

"ကိုယ်အကောင်းဆုံးကြိုးစားနေပါတယ်"

"Joonရယ် မပြတ်မသားနဲ့ . . ထားပါတော့ Joonကဘယ်တော့မှ ကျွန်တော့်စကားကိုနားထောင်ခဲ့တာမှမဟုတ်ဘဲ ဒါကြောင့်လည်း ခုလိုဝေးနေရတာ. . ကျွန်တော့်စကားနားမထောင်တဲ့Joonကို မုန်းလိုက်ချင်တယ် . . မုန်းလို့မရတာအခက်သားလား Joon . . Joonစကားနားမထောင်လည်း ကျွန်တော်က ချစ်နေရဦးမှာပဲJoon . . ကျွန်တော့်နှလုံးသားကလည်း Joonမှမဟုတ်ရင် မဖြစ်တော့ဘူး. . စာပို့နေတာလည်း ကြာပြီ Joon . . မေမေရိပ်မိသွားရင် ကျွန်တော် ခရစ္စမတ်မှာ ကိုရီးယားကိုပြန်မလာနိုင်တာမျိုးတောင်ဖြစ်သွားမှာစိုးတယ်. . Good night Joon. ."

Last(Eden Contest)Where stories live. Discover now