Part-2

974 238 55
                                    

Unicode

ရုတ်တရက်မေ့လဲသွားတဲ့ ထိုယောင်ကြီးပွေကြောင့် စွမ်းထက်တို့အားလုံးလန့်သွားကြသည်။

နေမြင့်လေအရူးရင့်လေဖြစ်တော့ ခေါက်ခနဲများ ဦးနှောက်သွေးကြောပြတ်သွားတာများလား...ဖွဟဲ့ လွဲပါစေ မဖြစ်နိုင်ပါဘူးလေ အဟင်း မဖြစ်နိုင်ဘူးမလား

ရဲနိုင်၊စွမ်းထက်၊စစ်သွေးနဲ့လင်းမြတ်အောင်တို့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာဆက်လုပ်ရမလဲလို့တွေးထင်နေကြပုံပေါ်သည်။ လင်းမြတ်ကတော့သူ့နဂို ရေခဲရိုက်မျက်နှာနှင့်ဘာမှမဖြစ်သလိုနေပေမယ့် တုန်နေတဲ့‌သူ့ခြေထောက်တွေကတော့ သူထိန့်လန့်နေမှန်းသက်သေပင်။

"ရဲ..ရဲနိုင်" မျက်နှာငယ်လေးနှင့်ခေါ်လိုက်သော်လဲ ရန်နိုင့်ရဲ့မသိချင်ယောင်ဆောင်မှုကြီးက....

"ဘာ ဘာလဲ ငါ့လာမကြည့်နဲ့ မင်းစထားတာလေ"

ရဲနိုင့်ဆီမှအကူညီမရသောကြောင့် စစ်သွေးတို့ကိုကြည့်ပြန်တော့လဲ လေသံကတစ်သံတည်းရယ်

"ငါ..ငါ ငါမသိဘူး"

ဘေးဘက်ကရေခဲကောင်ကလဲ မသိချင်ယောင်ဆောင်ကာ လက်အုပ်ကြီးချီပြီး ဘုရားသွားရှိခိုးနေသည်။ အေး မှတ်ထားကြ သောက်ကျင့်တွေက ဖြတ်ရိုက်ချင်စရာအတိ...
ကြံရာမရတဲ့အဆုံးမှ ယောင်ကြီးပွေအား မချီလိုက်သည်။
သူမခေါ်ပဲပြစ်ထားလို့မရရယ် ထိုသူဟာလဲစိတ်ကမမှန်နေတော့ အာ့ကလေး မိဘတွေပြန်တွေ့တဲ့ထိစောင့်ရှောက်ထားပေးရမယ်မလား

(A/N:အာ့ကလေးတဲ့လား 😶
အင်းပါ ကလေးကလဲကလေးသာပြောတယ်အကြီးကြီးရယ် အဟွန်း😌)

ချီမရန်ပြင်လိုက်တော့.....

လခွမ်းနဲ့မှ လေးလိုက်တာဟ

"မင်းတို့ကောင်တွေကလဲ ဝိုင်းကူမအုံးလေဟ!"

အာ့ကောင်တွေကတကယ်ကိုပါ ပြောမှသိတဲ့လူစားတွေ သိတက်မှုယဉ်ကျေးမှုမရှိ ယီးလိုပဲ

သတိုးရဲ့ ခန္ဓာကိုယ်အလေးကြီးကို လေးယောက်သားမပြီး သူတို့တည်းရာhotelသို့ခေါ်လာလိုက်သည်။ ယောင်ကြီးပွေကို ကုတင်မှာချပြီးမှ လေး‌ယောက်သားဆွေးနွေးကြတော့လေ....

2020သို့ကျော်ခွရောက်ရှိခြင်းWhere stories live. Discover now