Part - 5

6.5K 573 27
                                    

[ ချစ်သူမဟုတ်ဘူး သူစိမ်းတွေ ]

ရှောင်းကျန့်ရဲ့အပြုအမှုများကြောင့် ရိပေါ်ရဲ့ဖြောင့်တန်းနေတဲ့စိတ်က အရေးပေါ်အခြေအနေကိုရောက်နေပြီ။

ငါတကယ်ထပ်မတွေ့ချင်ဘူး တကယ်ကိုထပ်မတွေ့ချင်ဘူး !!

မတွေ့ချင်ဘူးပြောနေပေမဲ့ စိတ်ထဲတွေ့ချင်စိတ်ပိစိလေးကကြီးစိုးနေတယ်။

အလုပ်လာအပ်တဲ့သူများမရှိသလို အကောင်လိုက်မြင်ရတဲ့လူကလည်း အခုဆိုအမြီးလေးတောင်မမြင်ရအောင် ပျောက်ချက်သားကောင်းနေရဲ့။

ငါအခုထိအဖြောင့်ကောင်ကြီးဖြစ်နေတုန်းပါပဲ ငါ့ဘဝလေးကအေးချမ်းလိုက်တာ။

စိတ်​​အေးလက်အေးနဲ့အလုပ်ဆင်းပြီး အိမ်ပြန်လာတဲ့လမ်းမှာမြင်တွေ့ရတဲ့ ဘဲကြီး အဲလေ ရှောင်းကျန့်။

ဘဲကြီးရှေ့မှာဆိုင်ကယ်ကို စတိုင်လ်ကျကျနဲ့ရပ်လိုက်ပြီး helmetကိုချွတ်လိုက်တယ်။

"ခင်ဗျား ဘာကိစ္စ"

ဘာကိစ္စနဲ့ထပ်ရောက်လာတာလဲဆိုပြီး ပြောမလို့ပေမဲ့ဘေးကနေလက်တွဲလာတဲ့ကောင်မလေး။

"ကိုကို"

အချစ်တွေဝေနေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတာ အဲ့ကောင်မလေးကို။

ရိပေါ်စိတ်တိုစွာနဲ့ Helmetဆောင်းပြီး ဆိုင်ကယ်ကိုမောင်းထွက်သွားတယ်။

ကျန်ခဲ့တဲ့ရှောင်းကျန့်ကလှလှပပကိုပြုံးလာတယ်။

"ကိုကို ကြည့်ရတာညီမလေးတို့ကိုအထင်လွဲသွားပြီထင်တယ် လိုက်သွားလေ"

"နောက်မှချော့မယ် သဝန်တိုပါစေဦး Cup-Cakes ဝယ်လို့ပြီးပြီလား"

"ဟုတ် ကိုကို"

"ဒါဆိုပြန်ကြမယ်"

ရိပေါ် အခုရက်ပိုင်းမုန်တိုင်းဝေနေတဲ့ပင်လယ်လို ဖြစ်နေတယ်။ ဘဲကြီးကနောက်ဆုံးတော့ သူ့ဆီမလာ​တော့ဘူး။

သောက်ကျိုးနည်း ဘဲကြီး လူကိုကွေးအောင်လုပ်သွားပြီးမှ။

"ကောင်းကျိုးကိုမပေးတဲ့ရှောင်းကျန့် ခင်ဗျားကြီးကိုမုန်းလိုက်တာ !!"

F**k You , Love You [ ZhanYi ] [ COMPLETED ]Where stories live. Discover now