"ကိုကို.. ဂျွန်.."
ဟော.... စပြီးတော့ရစ်ပါတော့မယ်ခင်ဗျာ...။
ရစ်စိန်လေးဟာ..၊တစ်နေ့တစ်မျိုး. ၊ မရိုးရအောင်ရစ်တတ်သူလေးပါ။အဲ့ရစ်စိန်လေးလား။ ကျွန်တော့်ယောကျာ်းလေးပေါ့။
သူနဲ့ကျွန်တော့နဲ့ဟာ.. ၊ လက်ထက်ပြီးသား...။
နာမည်လေးသိချင်လား။ကင်ထယ်ယောင်းတဲ့။
အခုတော့.. ဂျွန်ထယ်ယောင်း လေးဖြစ်လို့။ကျွန်တော့်တို့လက်ထက်တာ၊ ဘာအနှောက်ယှက်မှကိုမရှိတာ။
အိမ်က ၂ဖက်သောလူကြီးတွေက၊ ကျွန်တော်တို့ကို၊
အစထဲကစီစဥ်ထားပြီးသား။ကျွန်တော်တို့ကို မြန်မြန် လက်ထပ်ပြီးရင်အေးရောဆိုပြီး..၊
ကျွန်တော်တို့နှစ်ယောက်ကို..၊ ဘွဲ့ရပြီးတာနဲ့ ..၊
ချက်ချင်းကိုပေးစားတာ.. ၊ အေးရော။ဟိုကလေးကလဲ ငြင်းရှာပါတယ်။
မြန်မြန် ယူချင်နေပြီးတဲ့။
ကျွန်တော့်ကို စိတ်မချလို့တဲ့ကွယ်။ကျွန်တော့်ပုံစံက ကြွေချင်စရာကောင်းအောင်ဖြစ်နေတော့လဲ..၊
သူလေး စိတ်မချတာ..၊ မဆန်းပါ။ကျွန်တော်က.. ကုမ္မဏီရဲ့ceoဆိုတော့လဲ..။
ကျွန်တော့်နားမှာဝိုင်းနေတဲ့..မိန်းမတွေကများသား။
ပိုဆိုးတာက.. ကျွန်တော့်ရဲ့အတွင်းရေးမှူးက..၊မိန်းကလေးဆိုတော့..၊ သူကပိုပြီးစိတ်မချဖြစ်နေ။
အဲ့တာနဲ့ပဲ..၊ ထိုကလေးရဲ့အမိန့်တော်အတိုင်း..၊အလုပ်တွေကို..၊ အိမ်မှာပဲလုပ်ဖို့စီစဥ်ရတာပေါ့။
အဲ့တာနဲမပြီးသေး..။ကျွန်ေတာ်အလုပ်လုပ်နေရင်းနဲ့တောင်..၊
ထိုကလေးက..၊ တစ်နေ့တစ်မျိုး..မရိုးနိုင်အောင်..၊
လာလာချွဲသေး။အကယ်၍များ.. သူပြောတာ..၊ သူခိုင်းတာ..၊
မလုပ်ပေးကြည့်ပါလား။
ကျွန်တော်ရှေ့မှာ..၊ သူအော်ငိုပါလေရော။ကျွန်တော့်က သူငိုရင် ရင်နာရတဲ့သူဆိုတော့..၊
သူလေးမငြိုငြင်အောင်၊ အမြဲလုပ်ပေးရတယ် ဆိုပါတော့။ကျွန်တော်နဲ့သူက ငယ်ငယ်လေးထဲက တွဲလာတာမို့၊
တစ်ယောက်အကြောင်း..၊ တစ်ယောက် သိပြီးသားရယ်။