'' someone call the doctor nal butjapgo malhaejwo
sarangeun gyeolguk jungdok Overdose "သီချင်းလေးအလိုက်တိုင်းသူမလိုက်ဆိုနေရင်း လက်ကလဲကျောင်းကပေးလိုက်တဲ့
အိမ်စာလေးတွေ လုပ်နေခဲ့ပါတယ်.အားလုံးကြားကြတဲ့ အတိုင်းပဲ
ကျွန်မနားထောင်နေတာ EXO ရဲ့ Overdose သီချင်းပါ.ဟုတ်ပါတယ်.
ကျွန်မဟာ EXO ရဲ့ Super Duper Big Fan တစ်ယောက်ပါ.
EXO လို့ဆိုလိုက်ရင်ကိုလူငယ်တော်တော်များများ မသိသူမရှိကြဘူးလို့ ထင်ပါတယ်.
ဒီခေတ်မှာနေပြီး EXO ကို မသိရင်အဲဒီလူကို ကျွန်မက လူပိန်းလို့ သတ်မှတ်တယ် grin emoticon
ကျွန်မတို့ အတန်းထဲမှာလည်းEXO ကြိုက်သူတွေ တော်တော်ပေါတယ်.
ဒါပေမယ့်အတန်းထဲက ကောင်မလေးတစ်ယောက်က EXO မကြိုက်ပဲ
တခြားအဖွဲ့ကြိုက်မိတော့ သူခမျာ စာသင်ချိန်ကလွဲပြီး အခြားအချိန်ဆို အပြင်ထွက်နေရပါတယ်.
နေရမှာပေါ့.သူက EXO မကောင်းကြောင်းပြောတာကို.EXO ကိုမကြိုက်ရင်နေပါ.
EXO မကောင်းကြောင်းပြောတာတော့ ကျွန်မတို့EXO Fan တွေက လုံးဝလက်မခံပါ.အော်...ဒါနဲ့ ကျွန်မနာမည်က " Yoo HyeRa " ပါ.
ကျွန်မရဲ့ နေ့စဉ်အလုပ်တွေထဲမှာ EXO ရဲ့ Daily Update တွေလိုက်လံရှာဖွေတာလဲ အလုပ်တစ်ခုကို ဖြစ်လို့ပဲလေ.ဒါကတော့ တခြား EXO Fan တွေလဲ တူတူပဲလို့
ကျွန်မထင်မိပါတယ်.အရေးကြီးဆုံးတစ်ခုပြောရဦးမယ်.
EXO ထဲမှာ ကျွန်မအကြိုက်ဆုံးက KAI ဆိုတဲ့ Dancing Machine လေးကိုပါ.
သူ့ကို ကျွန်မရဲ့ Idol တစ်ယောက်အဖြစ်သတ်မှတ်ပြီးကို
မြတ်မြတ်နိုးနိုး တန်ဖိုးထားပါတယ်.
သူ့ပုံဆိုတာ ကျွန်မရဲ့ အိပ်ခန်းနံရံ,ဖုန်းနဲ့ Laptop ထဲမှာ အပြည့်ပဲပေါ့.
Idol တွေပေါများလွန်းတဲ့ K-Pop World မှာ သူ့တစ်ယောက်ကိုပဲ ရူးရူးမူးမူးစွဲလမ်းမိတယ်.
ကျွန်မလိုပဲ တခြားကောင်မလေးတွေ အများကြီးကလဲ သူ့ကိုချစ်ကြ ရူးကြတယ်လေ.
သူက Idol ပဲ သူ့ကို ကောင်မလေးတွေကြိုက်ကြတာ မဆန်းပါဘူး.
သူ့ကို ကျွန်မတစ်ယောက်ထဲကြိုက်ရမယ်လို့လဲ ကျွန်မမတွေးမိခဲ့ဘူး.But...သူနဲ့ပတ်သက်ရင် ကျွန်မမနာလိုဖြစ်မိတာ တစ်ယောက်တော့ရှိတယ်.
သူကတခြားသူမဟုတ်ပါဘူး.D.O ခေါ် Do KyungSoo ပါ.
သူတို့နှစ်ယောက်ကို Fan တွေက KaiSoo ဆိုပြီး ship ကြတယ်လေ.
ကျွန်မလဲ KaiSoo shipper ပါပဲ.But...တခါတလေကျ D.O ကို
လုံးဝမနာလိုဘူး.Kai က D.O.နားအရမ်းကပ်တယ်.အမြဲလိုလို တတွဲတွဲပဲ.
တခါတလေ ကျွန်မဆုတောင်းတယ် ''D.O ဖြစ်ချင်ပါတယ်'' လို့လေ.
ခုလဲကြည့် The Lost Planet in showပွဲ ကို ကျွန်မ
TV ကနေကြည့်ရင်း D.O ကို မနာလိုဖြစ်ရပါပြီ.နှစ်ယောက်သားချစ်နေလိုက်တာ
အသည်းကိုယားတယ်.ဒါနဲ့ညအိပ်ရာဝင်တော့ ''ဘုရားသခင်..ကျွန်မ တခြားကြီး
ကြီးမားမားတွေ ဆုမတောင်းပါဘူး.ကျွန်မအမြဲတောင်းခဲ့တဲ့ ဆုအတိုင်း
EXO အဖွဲ့က D.O ဖြစ်ချင်ပါတယ်.ကျွန်မဆန္ဒတခါလောက်ပြည့်ရင်ပဲကျွန်မကျေနပ်ပါပြီ
ကျေးဇူးပြုပြီး ဆန္ဒလေးတစ်ခါလောက်ပြည့်ခွင့်ပေးပါ'' လို့ ဆုတောင်းပြီး အိပ်ရာဝင်ခဲ့တယ်.
အဲဒီညက ကျွန်မအိပ်မက်မက်ခဲ့ပါတယ်.အိပ်မက်ထဲမှာ EXO Oppa တွေနဲ့
စင်ပေါ်မှာတူတူ သီချင်းတွေဆိုပြီးကနေခဲ့တယ်တဲ့လေ.
Kai Oppa ကလဲ ကျွန်မကို ပုခုံးလေးဖက်လို့တဲ့.
အိပ်မက်လေးပြီးသွားတော့
ကျွန်မညသန်းခေါင်ကြီး တစ်ရေးနိုးလာတယ်.ဒါနဲ့ ရေသောက်ဖို့ အောက်ထက်က မီးဖိုချောင်ကို
ဆင်းအလာ လှေကားထိပ်မှာ ကျွန်မ ခေါင်းတစ်ချက်မူးသွားလို့လှေကားလက်ရန်းလေးကိုင်ထား
တုန်း နားထဲ မိုးခြိမ်းသံ တစ်ချက်ကြားပြီး အမြင်အာရုံတွေ အမှောင်ကျသွားခဲ့တယ်.