At Dorm...
ဓာတ်ပုံထဲ TV ထဲသာမြင်ဖူးခဲ့သည့် EXO Dorm ကို ကျွန်မရောက်နေပါပြီ.
ခမ်းနားတဲ့အသုံးအဆောင်တွေနဲ့ ဧည့်ခန်းထဲ ဆေးရုံဆင်းလာတာကို
စောင့်နေကြတဲ့ Xiumin,Luhan,Kris,Lay,Baekhyun,Chen,Tao,Sehun တို့ကို အတွေ့မှာတော့ ကျွန်မ ပျော်လွန်းလို့ မျက်ရည်တောင်ကျချင်တယ်.
''D.O ya..'' ဆိုပြီး Baekhyun နဲ့ Chen တို့လာဖက်ကြတော့ ကျွန်မ ဒူးတောင်ယိုင်ချင်ချင်ဖြစ်
သွားရတယ်.
''နားရက်လေးရတုန်းကောင်းကောင်းနားနော်.မင်းကျေးဇူးကြောင့် ငါတို့နားရတာ'' လို့ပြော
တဲ့ Xiumin Oppa ကိုကြည့်ပြီး ကျွန်မပြုံးပြလိုက်မိတယ်.
Kai : ကဲ..Hyung လာ.အခန်းထဲမှာသွားနားမယ်.
Kai Oppa ခေါ်လာတဲ့ အိပ်ခန်းလေးထဲအရောက် ကျွန်မဟာ ကမ္ဘာပေါ်
မှာ အပျော်ဆုံးလူသား ဖြစ်သွားပါတယ်.အခန်းလေးက ကုတင်လေးသုံးလုံးနဲ့ နံရံတွေမှာ
EXO ဓာတ်ပုံလေးတွေချိတ်ထားတယ်.
Kai : Hyung ဗိုက်ဆာလား?
ကျွန်မ : မဆာသေးပါဘူး.
ဒါနဲ့ ငါ့ကုတင်က ဘယ်ဟာလဲဟင်?
''Hyung ကုတင်က ဟိုဘက်အစွန်ဆုံးလေ.ခေါင်းထိပြီး အတိတ်မေ့
သွားတာ မဟုတ်ပါဘူးနော်'' ဆိုပြီး Kai Oppa က ပြောပြောဆိုဆို ကျွန်မ ခေါင်းလေးကို လာကိုင်တော့အနီးကပ်ကြီး မြင်လိုက်ရတဲ့ Oppa မျက်နှာကြောင့် ရင်ဘတ်ထဲက
ဒိန်းကနဲ ဖြစ်သွားတယ်.
ကျွန်မ : Hyung နားဦးမယ်.
''ကောင်းပြီ.ခဏနေ တခုခုစားဖို့ လာခေါ်မယ်နော်.'' ပြောပြီး
ထွက်သွားတဲ့ Kai Oppa ကျောပြင်ကိုကြည့်ပြီး ကျွန်မ သက်ပြင်းချလိုက်တယ်.D.O Oppa body ထဲရောက်နေတော့ စကားအပြောအဆို,အမူအရာ, အစ,စ အရာရာ
သတိပြုရမယ်လို့ တွေးမိတယ်.ကျွန်မကို D.O ထင်ပြီး ဂရုစိုက်နေတဲ့ Kai Oppa ကို
ဒီလိုအနီးကပ် မြင်နေရတာ ပိုပိုချစ်လာရတယ်.ကုတင်ပေါ်လှဲ
ပြီး အခန်းထဲမျက်လုံး ကစားရင်းကုတင်ဘေး ခုံလေးပေါ်က
အနက်ရောင် iPhone 5S လေးကို မြင်တော့ ဒါ ''D.O Oppa ဖုန်းဖြစ်မယ်'' ကျွန်မ
ယူကြည့်တော့ Lock မချထားပါ.Music ထဲဝင်ကြည့်တော့ English
song တွေတော်တော်များများတွေ့ရတယ်.Photo ထဲမှာတော့ member တွေနဲ့ တွဲရိုက်ထားတဲ့ ပုံလေးတွေ, Kai Oppa ကိုရိုက်ထားတဲ့ ပုံလေးတွေကြည့်ပြီး ကျွန်မပြုံးမိပါတယ်.''Hyung..KyungSoo Hyung''ဆိုတဲ့အသံကြောင့် ကျွန်မမျက်လုံးဖွင့်ကြည့်တော့ ကျွန်မရဲ့ Idol လေး Kai Oppa ကို တွေ့တယ်.
''ညစာစားလို့ရပြီ.ထတော့နော်'' Kai Oppa က ပုခုံးလေးဖက်ပြီး
ထမင်းစားခန်းခေါ်သွားတော့ ကျွန်မပျော်ရပြန်ပြီလေ.
ထမင်းစားခန်းထဲမှာ EXO-K member တွေပဲတွေ့တာနဲ့
''M member တွေက စားပြီးသွားပြီလား''
SuHo : သူတို့နောက်မှစားမယ်ပြောတယ်.ငါတို့ အရင်စားလိုက်မယ်လေ.
Chanyeol : D.O ya...ဒီရက်ပိုင်းတော့ မင်းမချက်နဲ့ဦးနော်.
အေးဆေးလေးနားနေ.Hyung ကြည့် စီစဉ်လိုက်မယ်.
ကျွန်မ ''ဟုတ်ကဲ့'' လို့ပြန်ပြောရင်းထမင်းစားဖို့ ပြင်လိုက်တယ်.
Kai Oppa ကတော့ ဘေးကနေဟင်းတွေထည့်ပေးနေတယ်.