Part~4

265 13 1
                                    

❣အချစ်ကြမ်းကြမ်း (or) မူပိုင်❣

        Part(4)
<><><><><><><><><><>
လှပတဲ့ ခြံဝန်းကြီးရဲ့အလည်တွင်
ဝီးချဲ ပေါ်က အမျိုးသားတစ်ဦး
ရေပြာရောင်ကိုငေးကာဒေါသ
ဟန်နဲ့မျက်နှာကတင်းမာနေ
လေသည်။

ဝီးချဲလ်အနောက်မှာ မားမားကြီးနဲ့
အထိတ်တလန့်ရပ်နေသူကတော့
အိမ်အကူ နှိုင်းစံရှား ရှိနေသည်။

""ငါ အဲ့ကောင်ကိုလိုချင်တယ်
သေလောက်အောင်အပြစ်ပေးလဲ
ခွေးဇာတ်ခင်းသွားတဲ့အကောင်...
သူနဲ့အိပ်တဲ့အကောင်က ဘယ်ကောင်လဲ
ဘယ်ခွေးသားလဲ...သူ့မျက်နှာမြင်ချင်တယ်
ငါ့အရှင်ခွဲတဲ့နှစ်ကောင်လုံးကို
အရှင်မထားချင်ဘူး'''

ဒေါသဟန်နဲ့ကျိမ်းဝါးပြီး ဝီးချဲလ်လက်ကိုင်
ကို ထုပြစ်၏။
သာမန် ပျက်လွယ်တဲ့ပစ္စည်းသာဆို
ထိုအားနဲ့ထုလိုက်ပုံရ ကွဲကြေသွား
နိုင်၏။

နှိုင်းစံရှား မှာ အိမ်အကူဆို
သော်လည်းငယ်ငယ်ချောချော
နဲ့ ခပ်နုံနုံကလေးမလေးဖြစ်၏။
ထိုသူ၏ ညှင်းပန်းအနိုင်ပန်းမှု
တွေကိုလည်း စိတ်မပါပေမဲ့
ရက်ရက်ရောရောနေပေးရ၏။
ထိုသူကို ကြောက်ရတာလည်း
နှစ်ယောက်မရှိ။

ဒေါသမျက်နှာကိုမရဲတရဲ
ခိုးကြည့်ပြီး မျက်နှာလေး
မှိုင်ထွေကာ ကြောက်ချွေး
တွေ အလီလီဖြင့်..။

""နှိုင်း ငါအိပ်ချင်တယ်
မင်းဆေးတိုက်ရဦးမယ်နော်'''

နှိုင်း ခေါင်းလေးတစ်ချက်သာ
ငြိမ့်ပြီး သူ့အားတွန်းခေါ်သွား
လေသည်။
စိတ်ညစ်သည်ဖြစ်စေ
ပျော်ရွှင်သည်ဖြစ်စေ
ဒေါသဖြစ် သည်ဖြစ်စေ
သူမ ခန္ဓာကိုယ်အား
စားသောက်နေတာဘဲမလား...။

လွန်ဆန်လို့မရတဲ့ အကြောင်းအရာ
ကြောင့် သူ့စေလိုရာအတိုင်း
နေပေးနေရတာဖြစ်သည်။

<><><><><>
ဘဲဥပုံစံအစိမ်းရောင်ရေကန်
ကြီးကို အအေးသောက်ရင်း
ငုံ့ကြည့်နေရင်း အတွေးတွေ
တစ်သီတစ်တန်းကြီးခေါင်းထဲ
တိုးဝင်လာသည်။

ဖေဖေနဲ့ မေမေ ရဲ့ရင်ခွင်ထဲ
နွေးထွေးစွာဝင်ခိုနေခဲ့ရင်း
ထိုအချိန်ကာလလေး
ဦးရာဇာမင်း ဆိုတဲ့ လူယုတ်မာ
ကြောင့် ရက်ရက်စက်စက်
ပျက်စီးသွားခဲ့ရ၏။

အချစ်ကြမ်းကြမ်း (OR) မူပိုင်Where stories live. Discover now