နဂါမျက်စောင်းနဲ့ လူတော့ပြာဖြစ်ပြီဟဲ့လို့ ရှောင်းကျန့်တွေးထားပေမယ့် တကယ်တမ်းမှာတော့ အခြေအနေတွေက ငြိမ်သက်ဆဲမို့ ရှောင်းကျန့် ခပ်လန့်လန့်နဲ့ပဲ ခေါင်းလေးမော့ကြည့်လိုက်တယ်
စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့ ငွေရောင်နဂါးမင်းရဲ့ မျက်နှာအစား ပေါက်စီလုံးလေးလို ဖောင်းနေတဲ့ပါးပြင်နဲ့ လူသားကိုမြင်တော့ ရှောင်းကျန့် အတော်လေးအံ့ဩသွားတယ်။
~ဖြောင်း ဖြောင်း~
ပါးပြင်ကို လက်နဲ့ခပ်ဆတ်ဆတ် နှစ်ချက်လောက်ရိုက်လိုက်တယ်။
ဒီတစ်ခါတော့ သူ့ကိုယ်သူရိုက်လိုက်တာဖြစ်တယ်။
တခြားလူကိုဘယ်ရိုက်ရဲပါ့မလဲ တစ်ခါက ဘွာတေးလုပ်လို့ရပေမယ့် နှစ်ခါဆို သေဘေးတွေ့သွားမှာ သေချာတယ်အမြင်မှားသလားလို့ သူ့ပါးသူရိုက်ကြည့်မိတာပါ
ဒါပေမယ့် သူအမြင်မမှားဘူး၊ သူမြင်နေရတာ နဂါးမင်းမဟုတ်တော့ ခပ်ချောချောကောင်လေးတစ်ယောက်ဘယ်လောက်ချောသလဲ တစ်သက်လုံး ထန်းပင်ကြီးလို ဖြောင့်ဖြောင့်ကြီး ရှည်ခဲ့တဲ့
မဟုတ်ပေါင် ဖြောင့်ဖြောင့်ကြီးနေခဲ့တဲ့ ရှောင်းကျန့်တစ်ယောက် ချက်ချင်းကွေးချင်သွားတာပဲ
ဒီအချောလေးက ဘူလေးလဲ။မသေသေးဘူးဆိုတာနဲ့ နှာခေါင်းမီးတောက်မိတဲ့ ကိုယ့်ကိုကိုယ်လဲ အံ့ဩစွာနဲ့ပဲ၊ ငါလေး အရင်တုန်းက ဒီလို နှာမထပါဘူး။
"ကျူးကျော်သူဆိုတာ မင်းလား"
"ဟင့်အင်း ကျွန်တော်က ဦးကျော်သူမဟုတ်ပါဘူး"
ရှောင်းကျန့်အဖြေကြောင့် ပေါက်စီလုံးလေးရဲ့ မျက်နှာက ခရမ်းချဉ်သီးလုံးလို နီရဲလာပါတယ်၊ ရှက်လို့တော့မဟုတ်တန်ရာ၊ ရှောင်းကျန့်ကို ဒေါသထွက်နေခြင်းသာ ဖြစ်လောက်တယ်။
"ငါ့ကိုလာနောက်နေတာလား မင်းငါ့ကိုဘာထင်နေလဲဟမ်"
"ပေါက်စီလုံး..."
"ဘာကွ ..!!!"
"ဟိုလေ နဂါးမင်းကြီးလို့ပြောတာပါ"
"မင်းကို ဘယ်သူက ဒီကိုလွှတ်လိုက်တာလဲ ငါ့ကိုမှန်မှန်ပြောစမ်း"
YOU ARE READING
Mission: Winning the Dragons' hearts
FanfictionCollaboration Fanfiction with @Blue_Cloud_88 - System Fic - 2 Main Couples ^Yizhan^ & ^Feiyunxi^