part 1

1.1K 35 2
                                    

Unicode

Part 1

At Airport

အနောက်တိုင်းဝတ်စုံ suite အပြည့်Long coat နဲ့ Gucci တံဆိပ်မျက်မှန်တပ်ပြီး ခန့်ညားလှတဲ့ ကောင်လေးတစ်ယောက် luggage ကိုဆွဲကာ လေယာဥ်ပေါ်က ဆင်းလာပြီး သူ့ကို လာကြိုမဲ့သူကို လိုက်ရှာနေတုန်း.....ဟော တွေ့ပါပြီ သူနာမည်ကို စာလုံးအကြီးကြီးနဲ့ရေးထားပြီး ကြောင်တောင်တောင်လေး ရပ်နေရှာတဲ့ ကောင်လေးတစ်ယောက်......

Tayတစ်ယောက် အကိုဖြစ်သူ က နိုင်ငံခြားကအရေးကြီး ဧည့်သည်လာမယ်ဆိုလို့ သွားကြိုခိုင်းတာနဲ့ သူကြိုရမဲ့လူရဲ့ နာမည်ကဒ်ပြားကိုကိုင်ကာ airport က လူတေကြားထဲမှာ စောင့်နေတယ်...

Tayစောင့်နေရင်း သူ့ဘေးကို အရမ်းကို ချောမောပြီး ခန့်ညားလွန်းတဲ့ကောင်လေး တစ်ယောက်က ရောက်လာတော့ Tayခမျာ မျက်တောင် မခတ်တမ်းကြည့်နေမိတယ် စိတ်ထဲမှာလဲ သူမျက်နှာကို ဘာလို့ရင်နှီးနေပါလိမ့်လို့တွေးနေမိတယ် ထိုအချိန် ထိုကောင်လေးက....

"ဒီမယ် မင်းက ငါ့ကိုလာကြိုတဲ့သူမလား ရော့ luggage ဆွဲပြီးလိုက်ခဲ့"

Tayလဲ ထိုကောင်လေးပြောလိုက်တော့..

"ခများက ဒီနာမည်နဲ့လူလား"

Tayမေးလိုက်တော့ ထိုကောင်လေးက ခေါင်းညိတ်ကပြကာ

"မင်းဘာမေးအုံးမလဲ ငါနားချင်နေပြီ သွားရအောင်"

Tay: Aww ဟုတ်ကဲ့ ကျနော့်နောက်ကို လိုက်ခဲ့ပါ....

Tayလဲ ထိုကောင်လေးကို ကားနောက်ခန်းမှာ ထိုင်ခိုင်းပြီး သူက ကားမောင်းတဲ့နေရာမှာ ထိုင်ကာ ကားကို airport ကနေ မောင်းထွက်သွားတယ်....

ကောင်လေးကတော့ ကားပေါ်ရောက်တာနဲ့ အိပ်ချင်လို့နဲ့တူပါတယ် ကားနောက်ခုံလေးကိုမှီကာ မှေးနေတယ်.....

Tay Pov: ဒီကောင်လေးကလဲ လေသံကို တင်းမာနေတာပဲ ငါ့ထက်တော့ ငယ်လောက်မယ်ထင်တယ် မျက်နှာလေးကတော့ အပြစ်ကင်းစင်သလိုနဲ့ ဝမ်းနည်းတဲ့ပုံပေါက်နေတယ် ပြီးတော့ သူ့ကို ငါဘာလို့ ရင်နှီးသလို ခံစားနေရတာလဲ မသိပါဘူး....

Tayတစ်ယောက် အကိုမှာထားတဲ့အတိုင်း သူတို့ရဲ့ စံအိမ်ကြီးဆီ ကောင်လေးကိုခေါ်လာခဲ့တယ်......

Your Life Is My Life 💙💙 ( Completed) Where stories live. Discover now