Part 32

199 22 14
                                    

Unicode

Offတစ်ယောက် Newနဲ့တွေ့ပြီးပြန်လာတော့ stickကို laptop ထဲထည့်ပြီးကြည့်လိုက်တယ်....

laptopထဲမှာ တွေ့လိုက်ရတဲ့အရာတေက သူ့ကို နှလုံးရပ်သွားမတတ်ပဲ.......

သူ့အမေက Newပြောခဲ့သလို အားလုံးကိုသတ်ခဲ့တာပဲ ဒါပေမဲ့ Newဘာလို့မသေတာလဲဆိုတာ သူသိချင်တယ် ............

ပြီးတော့ Newကိုပစ်ချလိုက်တဲ့ ရေကန်ကြီးထဲကို ခုန်ဆင်းသွားတဲ့သူက Tay ဘာလို့ဆို အိမ်ကနေကားထွက်သွားတော့ .........

နောက်က စက်ဘီးစီးပြီးလိုက်သွားတဲ့ကောင်လေးက မျက်နှာသဲသဲကွဲကွဲမမြင်ရပေမဲ့ အဲ့အချိန်တုန်းကဆို အိမ်မှာ Tayပဲရှိတာမလား.......

Offလဲသေချာအောင်လို့ဆိုပြီး Tayဆီကို ဆင်းလာခဲ့လိုက်တယ်......

-*-*-*-*-*-*-*-*-*-*-*-*-*-*-*-*-

Newဖုန်းထဲမှာ ကြားခဲ့ရတာက မင်းတို့ရထားတဲ့ သက်သေတေနဲ့ Gunကိုလဲမယ်တဲ့........

သူတို့ သက်သေရသွားတာကို သိတာဆိုလို့ Offပဲရှိတာ သေချာတာကတော့ Offအမေကို ပြောပြတဲ့သူက Tayမဖြစ်နိုင်ဘူး.....

Newလဲ လက်ကဒဏ်ရာကြီးနဲ့ကို Offကိုဆွဲထိုးဖို့ အကျီကိုလည်ပင်းကနေဆွဲလိုက်တော့ Tayကဝင်ဆွဲပြီး တွန်းထုတ်တယ်......

Offကတော့ ဘာမှမသိတဲ့ပုံနဲ့ကြောင်တောင်တောင်လေးကြည့်နေတယ်....

Tayက " P Offမှာ ဘာအပြစ်ရှိလို့လဲ "

" Gunကို သူ့အမေက ပြန်ပေးစွဲထားတယ် "

Offက " ဟင် Gunကို ငါ့အမေက ပြန်ပေးစွဲတာလား "

" ဟုတ်တယ် ခများအမေလုပ်တာ...... ခများပြောလိုက်တာမလား "

" မပြောဘူး ငါလုံးဝမပြောဘူး မနက်ထဲက ရုံးကိုလာပြီးထွက်သွားတာ အခုထိ ငါနဲ့မတွေ့ရသေးဘူး "

" ဒါဆို ခများမပြောရင် ဘယ်သူပြောမှာလဲ ကျနော့်ညီလေး တစ်ခုခုဖြစ်လို့ကတော့ ခများကို ကျနော်ကိုယ်တိုင်သတ်မှာ "

Newတစ်ယောက် Offကို အထင်လွဲပြီးဒေါသထွက်ကာ အော်နေတယ်

Tayက " အကို မနက်က ရှယ်ယာဝင်တေရဲ့စာရင်းတေကို ပြလိုက်သေးတယ်မလား "

Your Life Is My Life 💙💙 ( Completed) Where stories live. Discover now