အပိုင်း-1💜

4.1K 350 28
                                    

# Uni #

"လူနာ သတိရလာပြီ.... ''

"Jimin သတိထားပါအုံး.. ''

တီးးးးးးးးးးးးးးးးးး

နားတွေအူပြီ..မျက်လုံးကဖွင့်လိုက်..ပြန်မှိတ်လိုက်နဲ့...မူးတယ်..ကမ္ဘာကြီးလည်နေတာများလား...လှိုင်းစီးနေရသလို..လည်နေတယ်..နားထဲမှာလဲ ခေါ်သံတွေကြားနေသလို
တစ်ယောက်ယောက်နှိုးနေသလိုဘဲ...

"Jimin.....''

အိပ်နေတဲ့လူတစ်ယောက်ကိုနှိုးလိုက်သလိုဘဲ အဲ့လူရဲ့အသံက အမိန့်ဆန်ဆန်ဆိုပေမဲ့ မသိစိတ်ကနာခံလိုက်သလိုဘဲ နာတွေအူပြီး အသိစိတ်လွတ်နေရာကနေ...မျက်လုံးပွင့်လာပြီး..လန့်နိုးသွားတယ်

"လူနာသတိရလာပြီ..''

"Jimin shi....မထနဲ့အုံး...''

မျက်လုံးဖွင့်တာနဲ့ မြင်ရတာ အဖြူရောင် မျက်နှာကျက်ကြီး..ငါဘယ်ရောက်နေတာလဲ..ဦးနှောက်ကိုအလုပ်ပေးနေတုန်း

"Jimin shi.. ဆရာပြောတာ ကြားရလား ''

ဘေးကိုလှည့်ကြည့်တော့ ဆရာဝန်နဲ့ သူနာပြုမလေး..နောက် လူတစ်ယောက်ထိုင်နေတာဘဲ
အနောက်တိုင်းဝတ်စုံအမဲရောင်လေးနဲ့ သူ့ကြည့်ရတာ..မျက်နှာသေကြီးနဲ့ လူကိုစိုက်ကြည့်နေတယ်....

"Jimin shi ဆရာပြောတာကြားလား..''

ဆရာဝန်ကိုကြည့်ပြီး..ခေါင်းလေးသာငြိမ့်ပြလိုက်တယ်...လူတစ်ကိုယ်လုံးက လှုပ်လို့မရသလိုဘဲ

"ဘယ်..ဘယ်ရောက်နေတာလဲ ''

"အော်..jimin shiကို ကားတိုက်ခံရမလိုဖြစ်ပြီး... ဒီရောက်လာတာ ''

အတိုက်ခံရမလိုဖြစ်တာ ငါလေးကသေချာပေါက် အတိုက်ခံလိုက်ရတာမဟုတ်ဘူးလား..

"Jimin shiလဲ ကားတိုက်ခံရပေမဲ့ ဟိုမိန်းကလေးလောက်တော့ အခြေအနေမဆိုးဘူးလေ..အဲ့ကောင်မလေးကတော့...''

"ဆရာ..အဲ့အကြောင်းတွေ ခုမပြောသင့်ဘူးထင်တယ် ''

"အာ  ဟုတ်သားဘဲ ကဲ jimin shiကစိုးရိမ်စရာမလိုတော့ပါဘူး...ကျွန်တော်ကိုသွားခွင့်ပြုပါအုံး ''

ဘာတွေလဲ ငါလေးကအကို jiminကိုကယ်ပြီး..ကားတိုက်ခံရတာသေချာတာကို ဘာလဲ ငါ့လိုဘဲ အကိုjiminကိုကယ်တဲ့သူရှိသေးတာလား..အကိုjiminကရော

အရင်က ငါ့Crushက..ခုငါတဲ့လား😱(completed  ) အရငၠ ငါ့Crushက..ခုငါတဲ့လား😱Where stories live. Discover now