Zaw + Uni
❣အချစ်ကြမ်းကြမ်း (or) မူပိုင်❣
Part(6)
<><><><><><><><><><>
နုံးချိနေတဲ့ခန္ဓာကိုယ်လေး
မနည်းအားယူထလိုက်သည်။
ကုတင်ဘေး အိပ်ပျော်နေသေးတဲ့
ချက်ချိန်း ကိုကြည့်ပြီး မျက်စောင်း
တစ်ချက်ကဝိုင်းဝိုင်းလေးရွယ်သည်။တကိုယ်လုံးစီးကပ်ကပ်ဖြင့်
ညစ်ပတ်နေ၍ နေရထိုင်ရ
ခက်တော့ ရေချိုးချင်တာနဲ့
ထလိုက်ရာ ခါးအောက်ပိုင်းက
လှုပ်လို့ပင်မရအောင်နာနေသည်။""အ့!!သေပါပြီ'''
ခပ်တိုးတိုးငြီးသံလေးကြောင့်
နဖူးပေါ်လက်တင်ထားရင်း
မျက်လုံးများဖွင့်လာတဲ့ ချက်ချိန်း...။နိုးနိုးချင်း ဘေးကငြီးသံလာရာဘက်
လှည့်ကြည့်တော့ သူ့ခန္ဓာကိုယ်သူ
သေချာသုံးသပ်ရင်းမျက်နှာမဲ့နေတဲ့
ရှင်းသုတ ကိုတစ်စိုက်ကြည့်ပြီး...။""မင်းဘာပျောက်လို့ရှာနေတာလဲ!'''
""ဟမ်း!! ခဗျား...ဘာ..ဘာလဲ
ဘားမှ...ဘားမှ..မပျောက်...မပျောက်!''နာကျင်နေတဲ့တင်ပါးလုံးလုံးလေးကို
ဆောင်နဲ့အသာဝှက်ပြီး ရင်ဘက်တွေပါ
ဆောင်ဆွဲ ခြုံလိုက်၏။ကုန်းရုန်းထတဲ့ သူ့ကြောင့်
အနောက်ဆုပ်ခြင်ပေမဲ့
နဲနဲလှုပ်လိုက်တိုင်း ခန္ဓာကိုယ်
တစ်ခုလုံးနာကျင်နေသည်မလား..။ခရမ်းရောင်တောက်ပနေတဲ့
မျက်ဝန်းလေးအား အတန်ကြာ
သူစိုက်ကြည့်ပြီး မတ်တပ်ထရပ်ကာ
ဟိုတစ်ခု ဒီတစ်ခုကျနေတဲ့အဝတ်
တွေကောက်ပြီး ရှင်းသုတ ဆီလှမ်း
ပြစ်ပေးကာ သူဘောင်းဘီဝတ်ရင်း..""မနက်စာ စားမယ် ဆင်းခဲ့'''
""ဟိုလေ!''
""ဘာလဲ!''
လေသံတင်းတင်းက ရှေ့ဆက်မည့်
စကားလုံးတွေပျောက်ရှနေခဲ့၏။""သား ရေ...ရေချိုးချင်တယ်'''
အသံထွက်မမှန်တမှန်
ထစ်ထစ်ငေါ့ငေါ့ ပုံစံလေးကို
ကြည့်ရင်း ဘယ်ဘက်ရင်အုံထဲ
လျှုပ်စီးတစ်ချက်ဝင်မွှေသလိုပင်
လျက်တစ်ပြက် ဝုန်း ဒိုင်းကျဲခုန်လှုပ်
သွားသည်။