Part - 2

527 52 4
                                    

{ Zawgyi Version }

ခပ်အေးအေးသီချင်းသံက ဆိုင်လေးအတွင်းပျံ့ လွင့်လို့နေသည်။ ဆိုင်တံခါးကိုတွန်းဖွင့်ပြီး ဝင်လာတိုင်း ကြိုဆိုနေသော ခေါင်းလောင်းသံလေးက တလွင့်လွင့်...။

" ကြိုဆိုပါတယ်..."

အပြုံးလေးနှင့် ကြိုဆိုရင်း ပြောသမျှကို စာအုပ်လေးမှာလိုက်မှတ်နေတဲ့ကောင်လေးကို Namjoon မျက်တောင်မခတ်ငေးကြည့်နေမိတာ ဘယ်လောက်ကြာပြီတောင်မသိ။

Kim Taehyung...
သူ ဒီကောင်လေးကို လွန်ခဲ့တဲ့ သုံးနှစ် ကားမှတ်တိုင်တစ်ခုမှာ စတွေ့ ခဲ့တယ်။ အရယ်အပြုံးနည်းခဲ့တဲ့ ထိုကောင်လေးကို မြင်မြင်ချင်း နှလုံးသားထဲနေရာတစ်ခုပေးမိတယ်။ တရွေ့ ရွေ့ ပြောင်းလဲလာသော အချိန်တွေနဲ့အတူ ထိုကောင်လေးကိုလည်း နှလုံးသားထဲအမြစ်တွယ်ကာ ချစ်နေမိပြီထင်သည်။

"Joon hyung ဘာသောက်မလဲ ... ခါတိုင်းလိုပဲလား"

သူခေါင်းညိမ့်ပြလိုက်တော့ မြတ်နိုးရတဲ့လေးထောင့်ဆန်ဆန်အပြုံးလေး တစ်ခုကပေါ်ထွက်လို့လာခဲ့တယ်။

ညနေထဲကနေ ဆိုင်ပိတ်ချိန်အထိ နာရီအတော်ကြာထိုင်ရင်း ကော်ဖီတစ်ခွက်နှင့် ထိုကောင်လေးကိုစောင့်ရသည်မှာ သူ၏ အမြဲလုပ်နေကျ အလုပ်တစ်ခုပင်။
ဒီဆိုင်ဟာ သူငယ်ချင်းဖြစ်သူ၏ဆိုင်ဖြစ်သောကြောင့်တော်သေးသည်ဆိုရမည်။ မဟုတ်ရင် နေ့တိုင်းက်ာဖီတစ်ခွက်မှာပြီး နာရီအတန်ကြာအောင်လာထိုင်နေတဲ့သူ့အား နှင်ထုတ်မှာမြင်ယောင်သည်။

စတွေ့ တုန်းကအရယ်အပြုံးနည်းတဲ့ကောင်လေးဟာ ဒီတစ်နှစ်အတွင်းပြောင်းလဲလာတယ်ဆိုရမည်။ အရင်လိုမဟုတ်တော့။ ဒါပေမဲ့ ထိုကောင်လေးရဲ့အတိတ်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ အခွင့်ရရင်သိချင်မိတယ်။ အတိတ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ လက်ရှိဒီအချိန် ဒီခဏလေးအတွင်းမှာတော့ ကိုယ်မင်းကို အမြဲပျော်ရွှင်အောင်ထားပါ့မယ်...Tae~~

ဆောင်းရာသီ၏အချိန်တွေကား မြန်လွန်းလှသည်။

                         *********

"Hyung ဒါလေးလာမြည်းကြည့်ပါဦး အရသာဘယ်လိုနေလဲလို့"

ဒီနေ့ Jimin နဲ့ Yoongiတို့ရဲ့ ချစ်သူသက်တမ်းနှစ်နှစ်ပြည့်သည့်နေ့ပင်။

I STILL LOVE YOUWhere stories live. Discover now