လိပ်ပြာရေ ... မင်းမရှိတော့ ဆောင်းက ပိုအေးလာတယ် ...
•••••••••••
ကော်ဖီနံ့သင်းနေတဲ့မနက်ခင်းတစ်ခုမှာ ကျွန်တော် လိပ်ပြာလေးတစ်ကောင်ဖမ်းမိခဲ့တယ် ။
လိပ်ပြာကလေးက အဝါရောင်လေး..."ကြိုဆိုပါတယ်ခင်ဗျာ"
လတ်ဆတ်တဲ့ကော်ဖီနံ့က တံခါးကိုဆွဲဖွင့်ဖွင့်ချင်းမှာပဲ နှာဖျားဝကို တိုးဝင်လာခဲ့တယ် ။
"Latte တစ်ခွက်"
orderမှာလိုက်ပြီးတဲ့အခါ သူ ဆိုင်ရဲ့ပတ်ပတ်လည်ကို လျှောက်ကြည့်လိုက်မိတယ် ။ ဆိုင်ထဲမှာပျံ့လွင့်နေတဲ့သီချင်းကို သူ ရင်းနှီးကျွမ်းဝင်နေသလို ...
"ဒီလိုဟာက ခုထိရှိသေးတာလား"
သီချင်းသံထွက်ပေါ်ရာနေရာကို စုံစမ်းမိတော့ မြင်လိုက်ရတဲ့အရာတစ်ခုက သူ့ရဲ့အာရုံကို ဖမ်းစားသွားခဲ့တယ် ။
ရှေးဟောင်းကတ်ဆက်တစ်လုံးရယ် ၊ ဘေးမှာချထားတဲ့ တိတ်ခွေတစ်ချို့ရယ် ..."ကော်ဖီရပါပြီဗျ"
ကြည်ကြည်လင်လင်အသံလေးက ဆည်းလည်းသံနဲ့တူတယ်လို့ သူထင်လိုက်မိတယ် ။
အဝါရောင်ခွက်ငယ်လေးက သူ့လက်ထဲကို တည့်တည့်မတ်မတ် ...
ပြုံးပြနေတဲ့ကောင်လေးကို သူတစ်နေရာရာမှာ မြင်ဖူးနေခဲ့သလိုလို ။"သီချင်းတွေကို ကတ်ဆက်နဲ့နားထောင်ရတာကြိုက်တယ်"
မျက်မှန်ဝိုင်းလေးကိုပင့်တင်ရင်းပြောလာတဲ့ကောင်လေးက အဝါရောင်ဆွယ်တာလေးနဲ့ ။
နူးညံ့လွန်းတယ် ၊ သူဘာလို့ ဒီလိုတွေးမိသွားသလဲဆိုတာတော့ မပြောပြတတ်ဘူး ။
ယောက်ျားလေးတစ်ယောက်ကို နူးညံ့တယ်လို့ သုံးသင့်ရဲ့လား..."ဒီကတ်ဆက်ကို တော်တော်ခက်ခက်ခဲခဲရှာထားရတာ ... တိတ်ခွေတွေရောပဲ
နားထောင်ကြည့်ချင်လား""ဟင့်အင်း"
သူ့ရဲ့ခပ်မြန်မြန်အငြင်းစကားကြောင့် ကောင်လေးရဲ့မျက်ဝန်းလေးတွေ အရောင်မှိန်ကျသွားတယ် ။
"ညမှ... ညကျမှလာခဲ့မယ်"
ပြောပြီးပြီးချင်းမှာပဲ ကိုယ့်လျှာကိုယ် ပြန်ကိုက်မိတယ် ၊ ဘာဖြစ်လို့လဲ
သူက ဘယ်တုန်းကများ သီချင်းတွေကို သဘောကျခဲ့ဖူးတာမှတ်လို့ ။
YOU ARE READING
My Yellow Butterfly Will Come Back When The Snow Comes[Completed]
Fanfictionလိပ်ပြာရေ... လိပ်ပြာရေ...