Episode-2

11.6K 750 113
                                    

Zawgyi Version

၁လအကြာ

" ဟေး ဟန်နာ "

" ဘာလဲ​ပြော "

ထယ် ​ကောင်တာတွင်ထိုင်နေသော ​ကောင်​မ​လေးကိုလှမ်း​ခေါ်လိုက်​သည်

" ဂျောင်ကုကီးမလာသေးဘူးလားဟင် "

" နင်​​တော်​​တော်​ကဲ မသိရင်​ အတွဲတွေကျ​နေတာပဲ ဟိုကလည်းနင်​​ပျောက်​ရင်​ ​မေးလိုက်​တဲ့အ​မေး နားပါပူတယ်​ Faမကြီးကိုလည်း အားနာကြပါဦး "

" အာ အဲ့လိုကြီးလဲမဟုတ်​ပါဘူး ဟာ "

ထယ် ရှက်​ရမ်း​လေးရမ်းကာ အင်္ကျီ​လေးကိုဆွဲလိမ်​​နေမိသည်

" ဟဲ့ ရှက်​ကိုးရှက်​ကန်းနဲ့ဘာ​တွေဖြစ် "

" ​တော်ပြီ ​တော်​ပြီ သွား​တော့မယ်​ ​မေးတာကတခြား​ ​ဖြေတာကတခြား အရစ်​​တွေရှည်​​နေလိုက်​ ပုသလောက်ရှည်တယ် ဖူဂျီမ "

ခြေထောက်ဆောင့်ကာ စိတ်ကောက်ပြီး ထွက်သွားသည် ထယ်ယောင်းကို ကိုကြည့်ကာ

" ​အေး ဟယ်​​ လူကိုဖဲ့သွားတာ အတံပါရင် ဒီပိစိလေးကိုဆွဲစားလိုက်ပြီ အဟိ "

.

ရုံးခန်းအတွင်း ဤCompany၏ CEOဟုထင်ရက်စရာမရှိအောင် ပျိုမြစ်နုနယ်သော လူရွယ်လေး

" မင်းတို့​တွေ တစ်​​ယောက်​မှကို ​စောက်​သုံးမကျဘူး "

ချောမောခန့်ညားသော ရုပ်ကလေးနဲ့မျှမလိုက်အောင် တည်တင်းနေသောမျက်နှာ
မေးရိုးခိုင်ခိုင်နဲ့ ထုအိအိသူ့နှုတ်ခမ်းတွေက မူးယစ်ဖွယ်

" CEOဒါက "

" မင်းတို့​တွေ သွားမှာလားမသွား​သေးဘူးလား "

" ဟုတ်​ကဲ့ သွားခွင့်​ပြုပါ "

" သွား "

ပတ်ခ်ဂျီမင်း စိတ်​​တွေထူပူကာ စားပွဲပေါ်က ဖိုင်တွေအကုန် ပစ်​ထုတ်​လိုက်​သည်

ကျွန်တော် မရှိတဲ့ ၁နှစ်​အတွင်း​ပြောင်းလဲကုန်​ပြီ
သိပ်​ချစ်​ရတဲ့သူ​လေးကလည်း​ ​ ဘယ်​ဆီကိုများ​ရောက်​​နေပါလိမ့်​?
သူ​လေးအဆင်​မှ​ပြေရဲ့လား?မမြင်​ချင်​လို့များ ပုန်း​နေတာလား?

Where (Completed)Where stories live. Discover now