19th

23 0 0
                                    

ꪖꪶꪻꫀ᥅ꪀꪖꪻ꠸ꪜꫀ ꪊꪀ꠸ꪜꫀ᥅ᦓꫀ(of Ennead,fanfic)
Original creator - Mojito
Genre - Platonic
" ချစ်သောသူဟာ သမီးကိုအနမ်းပေးလိမ့်မယ်...
မုန်းသောသူဟာ သမီးလေးအိပ်စက်ချိန်မှာ မအိပ်စက်နိုင်ဖြစ်လိမ့်မယ်...
အိပ်ပါတော့ကွယ် ချစ်သမီးငယ်...''

Nami Nami သားချော့တေးဟာ ကျွန်တော့်နားထဲ
တိုးတစ်လှည့်ကျယ်တစ်လှည့်...

ဘေးကစကားပြောနေတဲ့သူငယ်ချင်းနှစ်ယောက်ကိုဂရုမစိုက်အားပဲ ကိုင်ထားတဲ့ခွက်ကိုသာတွင်တွင်မော့သောက်နေမိတော့တယ် ဒါဟာကျွန်တော့်ရဲ့ဘယ်နခွက်မြောက်မှန်းမမှတ်မိပေမယ့်ပေါ့...

ညနက်လာတာနဲ့အမျှခေါင်းထဲရီဝေဝေသာဖြစ်လာတယ် မနေ့ညကမက်ခဲ့တဲ့အိပ်မက်ကတော့တကယ်ဖြစ်ခဲ့သလိုထင်ရှားပြတ်သားနေတုန်းရယ် လခွမ်းလိုပါပဲ...ကျွန်တော်ကျိန်ဆဲလိုက်တယ်...အသက်၁၉နှစ်ပြည့်တဲ့ မွေးနေ့ဟာစိတ်နှလုံးမသာယာစရာတွေနဲ့ပဲ ပြည့်နှက်နေလေရဲ့...

×××××

" ငါ့ကိုလွှတ်စမ်း!ဒီအယုတ်တမာကောင်!...''

အရှင်ဘယ်လောက်ပဲရုန်းကန်ငြင်းဆန်နေလည်း အဲဒီမျက်လုံးစိမ်းနဲ့ကောင်ကအရှင့်ကိုဖမ်းဆွဲထားတုန်းပဲ
ကျွန်တော်အချိန်ဆွဲမနေတော့ပဲ အရှင့်ကိုဆွဲထားတဲ့သူ့လက်ကိုထုတ်ချင်းပေါက်သွားအောင် ကျောက်ဆူးချွန်နဲ့အားပါးတရထိုးစိုက်ချခဲ့တယ်...

သွေးတွေ ရဲကနဲ...

အရှင့်ကိုကျွန်တော်ဆွဲခေါ်ပွေ့ဖက်လိုက်တော့မျက်လုံးစိမ်းနဲ့ကောင်က သူ့ အညိုရောင်ဆံပင်ရှည်တွေကိုသပ်တင်ရင်းအမြင်ကပ်စရာကောင်းလောက်အောင် ရယ်နေလေရဲ့...ဒီလောက်ဒဏ်ရာရထားတာတောင်ဘယ်လိုဖြစ်လို့ရယ်နေရတာလဲ??

အရှင့်ရဲ့အနီရောင်ဆံနွယ်တွေကဖရိုဖရဲ
ဘာစကားမှမပြောနိုင်ပဲ ကျွန်တော့်ကိုခပ်တင်းတင်းဖက်ထားရှာတယ်...အရှင်ရယ်...ဘယ်လောက်တောင်ကြောက်နေလိုက်မလဲ?...

" ငါ့အရှင်ကိုငါ့ရှေ့မှာထိရဲတယ် မင်းဘယ်သူလဲ?...''

" အဲဒါ ငါ့ကိုမမေးနဲ့ မင်းအရှင်ကိုမေး...''

"...''

" ဒါမှမဟုတ်ရင်လည်း မင်းယုံကြည်ရတဲ့တစ်ယောက်ယောက်ကိုမေးပေါ့ ငါဘယ်သူဆိုတာကအရေးမကြီးပါဘူး မင်းအရှင်Sethနဲ့ငါနဲ့ကြားထဲဘာတွေဖြစ်ခဲ့တယ်ဆိုတာကသာ-''

You've reached the end of published parts.

⏰ Last updated: Dec 09, 2020 ⏰

Add this story to your Library to get notified about new parts!

19thWhere stories live. Discover now