No Similar (ထပ်တူမရှိ) - One Shot

10.5K 892 71
                                    

Unicode

*လေးငယ်နဲ့  reader လေးတွေ ယုံကြည်ရာလမ်းအတူလျှောက်ခဲ့တဲ့ one shot လေးကို အားလုံးဖတ်လို့ရအောင် wp မှာတင်ပေးလိုက်ပါတယ်ရှင်။ *

——————

ခွပ်.... ဖြောင်း...

အား... အ့.

ဒုန်း... အုန်း... ဗုန်း...

အ့...

လူတစ်ယောက်တည်းကို အုပ်စုလိုက်ဖွဲ့ပြီး ဝိုင်းဝန်းထိုးကြိတ်ကြတာမျိုးက ဒီလို ပတ်ဝန်းကျင်၊ ဒီလိုလမ်းကြိုလမ်းကြားမျိုးမှာ ဘာမှထူးဆန်းသည့်ကိစ္စတော့မဟုတ်ပေ။ ထိုးကြိတ်ခံနေရတဲ့လူက ခန္ဓာကိုယ်ကို ကွေးထားပြီး ဒူးတွေ လက်တွေနဲ့ ကာထားလေသည်။

သူ မသိချင်ယောင်၊ မကြားချင်ယောင်ဆောင်နေမှ ဖြစ်မည်။ သူ့ရှေ့က တစ်ခြားသူတွေလည်း ဒီလိုပဲ ကိုယ်နဲ့မဆိုင်သယောင်ပြုပြီး ခပ်လှမ်းလှမ်းကနေ ကျော်ဖြတ်သွားကြသည်။ တကယ်လို့ မဆိုင်တာသွားဝင်ပါမိလျှင်လည်း ဝင်ပါမိသူတွေပါ အကုန်သိမ်းကြုံး ရိုက်နှက်ခံရ မည် မဟုတ်လား။

ရိပေါ်က ဖုန်းနားကြပ်လေးကို တပ်လိုက်ပြီး သီချင်းနားထောင်ရင်း အဝေးခပ်လှမ်းလှမ်းကနေ ဖြတ်လျှောက်သွားရန် ပြင်လိုက်သည်။ ရုတ်တရက် သူ့ကျောပိုးအိတ်ကို ဆွဲထားခြင်းခံ လိုက်ရပြီး နားကြပ်ကိုပါ ဆွဲဖြုတ်ခံလိုက်ရတာကြောင့် အထိတ်တလန့်နဲ့ မော့ကြည့်မိသွား သည်။

"ဝမ်ရိပေါ်... မင်းနဲ့ ရှောင်းကျန့်နဲ့က တစ်ရပ်ကွက်တည်းနေတာမဟုတ်လား။ မင်းတို့ချင်း ရင်းနှီးကြတာ ငါ သိပါတယ်... "

"အ..."

အသံမာမာနဲ့ အော်မေးလာသလို လူကိုပါ ဆောင့်ဆွဲခံလိုက်ရပြီး လမ်းဘေးအုတ်နံရံနဲ့ ပစ်ကပ်ခံလိုက်ရတာကြောင့် နဖူးနဲ့ နံရံနဲ့ မိတ်ဆက်သွားချိန် ကြယ်တွေ လတွေပါ မြင်သွားရတော့သည်။

"ကျုံးရန် ... အဲ့ကောင်လေးက ဘယ်သူတုန်း."

"ဒီကောင်လေးကို တစ်ခါတစ်လေ ရှောင်းကျန့်နဲ့ အတူစကားပြောနေတာတွေ မြင်ဖူးတယ် အစ်ကိုကြီး။ သူတို့နှစ်ယောက် ဆက်စပ်မှုရှိရမယ်။ ပြောစမ်း... ကောင်လေး... ရှောင်းကျန့်က မင်းကို ပိုက်ဆံတွေ ပေးထားတယ် မို့လား။ ဘယ်မှာ ဖွက်ထားလဲ."

No Similar (ထပ်တူမရှိ) - One ShotWhere stories live. Discover now