Seokjin တစ်ယောက်အဝတ်လဲပီးအလုပ်သွားဖို့ပြင်လိုက်သည် သို့သော်သူ့အခန်းရှေ့တံခါးဝမှာရပ်နေတဲ့Vနဲ့ပက်ပင်းတိုးသည်
V.ဘယ်သွားမလို့လဲ
Seokjin.အမ်..အလုပ်ကိုပါ
သူအလုပ်သွားမယ်ပြောတော့Vကမျက်ခုံးပင့်ပြီးခေါင်းငြိမ့်သည်
V.အာ...ဟုတ်လား..ဒါဆိုမသွားနဲ့တော့
Seokjin.ဗျာ!!
Seokjinအသံအနည်းငယ်ကျယ်သွားသည်
Seokjin.ကျွန်တော်မသွားလို့မရပါဘူး... ကျွန်တော်ဒီအိမ်မှာညပိုင်းအတွက်ပဲအလုပ်လက်ခံထား...
ပြောလို့မဆုံးသေးVဆိုတဲ့ကောင်လေးကရုတ်တရက်သူ့ရှေ့ကိုတိုးလာသည်မို့seokjinအလန့်တကြားဖြင့်နောက်ကိုဆုတ်သွားသည် နောက်ကိုတစ်လှမ်းဆုတ်တိုင်းVကတစ်လှမ်းပိုတိုးလာတာမို့နောက်ဆုံးseokjin၏ကျောမှာနံရံဆီကပ်သွားရသည် သူနောက်ကိုဆုတ်လိုက်တယ်ဆိုတာကထိုကောင်လေးသူ့ကိုရိုက်မှာစိုး၍ဖြစ်သည်
Seokjinတစ်ခုခုပြောဖို့လုပ်နေစဉ်မှာပဲtaehyungသူ့မျက်နှာကိုseokjinမျက်နှာနားရောက်ဖို့ကိုယ်ကိုအနည်းငယ်ကိုင်းလိုက်ပြီးနီးသထပ်နီးအောင်ကပ်လိုက်သည် ဒါကိုမျက်လုံးပြူးပြီးသူ့ကိုကြောင်ကြည့်နေတဲ့ဦးကိုကြည့်ပြီးtaehyungနှုတ်ခမ်းလှုပ်ရုံလေးတင်ပြုံးပြီး
V.ခင်ဗျားကိုအဲ့hotalကနေအလုပ်ထုတ်လိုက်ပြီ
Seokjin.အမ်..ဘာလို့လဲ
V.ဒီအိမ်မှာမင်းကိုလိုအပ်တယ် ပြီးတော့အဲ့အလုပ်ကရတဲ့လစာထက်နှစ်ဆပိုပေးမယ်...
Seokjin.မထွက်ချင်ပါဘူး ပြီးတော့...အမ်
ဘယ်လိုခေါ်ရပါ့..
Seokjinသူ့ကိုပြန်ပြောချင်ပေမယ့်သူ့ကိုဘယ်လိုပြန်ခေါ်ရင်ကောင်းမလဲမသိနေတာကြောင့်
Seokjin.ဟို...ဟို..ဒီကသူဋ္ဌေး....လေး
V.သူဋ္ဌေးလေး?
သူ့ကိုအဲ့လိုခေါ်တာလားဆိုသည့်ပုံဖြင့်ပြောလာသည်မို့
Seokjin.အင်လေ...သူဋ္ဌေးလေးကကျွန်တော့်ထက်ငယ်တာမို့
V.တော်တော်..ဒီတိုင်းထယ်လေးလို့ပဲခေါ်ပေး
YOU ARE READING
Final Result (TaeJin)
Fanfiction#kimseokjin #kimtaehyung #taejin Start-15.8.2020 End-25.5.2021