part 13(unicode)

7.9K 489 1
                                    

ဟိန်းထက်ဇော် တနေကုန်ကြယ်လေးနဲ့အတူတူလိုက်ဆော့ပေးကာ လည်ပတ်နေရသောကြောင့်ပင်ပန်းနေပြီဖြစ်သည်။ ကစားကွင်းကနေပြန်လာကြတဲ့အခါ မင်းမြတ်သူရက သူ့ကိုအရင်လိုက်ပို့ပေးတော့ သူတို့အိမ်နားရောက်ခါနီးမှ ကြယ်လေးက သန့်စင်ခန်း၀င်ချင်သည်ဆိုသောကြောင့် မင်းမြတ်သူရကို အိမ်ကိုသာအမြန်မောင်းခိုင်းရတော့သည်။

"ဟဲ့ သားဘာဖြစ်လာတာလည်း အဲ့တာဘယ်သူ့ကလေးလည်း "

"အမေနောက်မှပြောမယ် အရေးကြီးနေလို့ "

"အော် အေးအေး"

အိမ်ကိုရောက်တော့ ကားပေါ်ကနေအမြန်ဆင်းပြီးကြယ်လေးကို ပွေ့ချီကာ၀င်လာပြီး ခြံထဲမှာရှိနေတဲ့ အမေ့ရဲ့မေးခွန်းကိုမဖြေအားပေ။ အိမ်ထဲကိုသာအမြန်ပြေး၀င်ကာ သန့်စင်ခန်းရှိရာကို ဦးတည်ရတော့သည်။

"သားက စောနက သားကြီး ချီသွားတဲ့ကလေးမလေးရဲ့အဖေလား"

ဟိန်းထက်ဇော်တို့ရဲ့နောက်ကနေ မင်းမြတ်သူရက လိုက်လာပြီး အိမ်ထဲလိုက်၀င်လာတာကြောင့် ဒေါ်ကေသီကတွေ့တော့မေးလိုက်ခြင်းဖြစ်သည်။

"အာ မဟုတ်ပါဘူး ကျွန်တော်ကသူ့ဦးလေးပါ အန်တီသီ ကျွန်တော့်ကိုမမှတ်မိဘူးလား"

မတွေ့ရတာကြာပြီ ဖြစ်သော်လည်းရုပ်ရည်ကသိပ်ပြီးမပြောင်းလဲဘဲ နုပျိုစဲဖြစ်သည့် အန်တီသီကိုသူတွေ့တာနဲ့ချက်ချင်းမှတ်မိလိုက်သည်။

"အန်တီ့ကိုသိတာလား အန်တီကမမှတ်မိဘူး"

"ဟုတ် ကျွန်တော်က ဒေါ်ဟေမာန်ဦးရဲ့သားမင်းမြတ်သူရလေ"

"ဟယ် အမဟေမာန်ရဲ့သားလေးမင်းမြတ်သူရလား
သားကကြည့်ကောင်းလာတော့အန်တီကမမှတ်မိတော့တာပါကွယ်"

"ဟုတ် "

"လာ လာ အထဲ၀င်ထိုင်အုံး "

"ဟုတ်ကဲ့"

"သားမေမေရောနေကောင်းလား"

"မေမေကလွန်ခဲ့တဲ့တစ်နှစ်ကမှဆုံးသွားတာ"

"ဟယ် ဟုတ်လား စိတ်မ​ကောင်းလိုက်တာသားရယ်"

"ဟုတ်"

"အန်တီလည်း သတိရနေခဲ့တာ အဲ့တုန်းကသားတို့ပြောင်းသွားပြီးတည်းကမတွေ့ဖြစ်ကြတော့တာ တော်တော်ကိုကြာနေပြီပဲ"

My Baby (Only You ) {completed}Where stories live. Discover now