My new year bride ...

2.1K 111 0
                                    

My new year bride

Oneshot part1

ကဲ ကဲ---ပစ္စည်းတွေစုံပြီလား မြန်မြန်ချမယ်၊အချိန်က သိပ်မရှိတော့ဘူး--

ဟုတ်ကဲ့--ဒါ နောက်ဆုံး နှင်းပန်းစည်းတွေပါ ဒါတွေပြီးရင် ပန်းတွေအကုန်ချပြီးပါပြီ---

12.31.2014 ခုနှစ် 

Hun-;အင်း--မနက်ဖြန်ဆိုရင်ပဲ new year ရောက်ပြီနော်၊ငါတို့ ဘဝတွေများ အခုလို မဂ်လာပွဲမျိုးဘယ်တော့မှ လုပ်ဖြစ်ပါ့မလည်း--?

Kai ပီကေ ဝါးနေရင်း---hun စကားကို

Kai-;မင်းကလဲကွာ အရေးထဲ စိတ်ကူးက ယဉ်နေသေး---မြန်မြန်ပြီးအောင်လုပ် တော်ကြာ---

Kai စကားမပြီးသေးခင်---

Hun-;wah...ya kai..ဟိုမှာကြည့်လိုက်စမ်း ---

Hun ညွန်ပြလိုက်သည့် နေရာသို့ စိတ်မပါတစ်ပါနှင့် တစ်ချက်လှန်းကြည့်လိုက်သောအခါ--

မဂ်လာ အခမ်းနားကျင်းပတော့မည့် ကြီးကျယ်ခမ်းနားသော ဟိုတယ်ရဲ့ wedding hallနောက်ဘက် သတို့သမီးအဝတ်လဲအခနိးအတွင်းမှ သတို့သမီးလေးတစ်ဦး ထွက်လာသည်၊

ပနိးနုရောင် ဂါဝန်မဂ်လာဝတ်စုံလေးကို ဝတ်ဆင်ထားသော သုမနှင့် သူမရဲ့ ပန်းသွေးရောင် အသားရည်တို့သည် လွန်စွာ ပနံရလျက်---

ထို့ပြင် ပုခုံးထက်သို့ မမှီတမှီ ဖြန့်လျက်ချထားသည့် မည်သည့်အရောင်မျှ မချယ်သထားသည့် ပိတုန်းရောင်ဆံကေသာ---

အပြစ်ပြောစရာမရှိ ပြေပစ်နေသည့် သူမရဲ့ ပုရိသတို့အား လည်ပြန်ကြည့်လောက်အောင် ဆွဲဆောင်နိုင်သည့် ကိုယ်ခမ်ဓါအချိုးစား---သည်ကား ရင်ပြတ်ကိုယ်ကျပ် ဂါဝန်လေးဝတ်ဆင်ထားတော့ ပိုမို ပေါလွင်နေသည်၊

ထိုကဲ့သို့သော မိန်းမချောလေးအားမြင်လိုက်ရသော kai နှင့် hun တို့---

ဆက်၍ဆိုစရာ စကားလုံးတို့ပင် ဆွံ့အလျက် အလုံးစုံသော အကြည့်တို့က----

Wah...!

ထိုအချိန်--

မဂ်လာခန်းမ ထွက်ပေါက်ရှိရာဆီသို့ လှန်းကြည့်နေရာမှ ---

မိမိ ဘက်သို့ မသိမသာမျက်လွာလေးစောင်းလို့ သတို့သမီးလေး လှည့်လာသောအခါ ---

My new year brideWhere stories live. Discover now