Unicode
Parkမျိုးရိုးသည် လူသားဖခင်ထံမှ
မျိုးရိုးဖြစ်ပြီး ရေသူထီးလေးသည် အမှန်တကယ်ပင် လူသားဖခင်နှင့် ရေသူမမိခင်တို့မှ ဖွားမြင်လာသော သွေးနှောသန္ဓေ ဖြစ်၏။Jungkookနှင့် ထိပ်တိုက် မတွေ့ဆုံမီ
က Jiminသည် လူ့သွေးနှော တစ်ယောက်ဖြစ်သည့်အတွက် လူ့သဘာဝ
အကြောင်းကို စိတ်ဝင်စားသည့်အ
လျောက် ထုံးစံအတိုင်း လူ့သဘာဝအချို့ကို လေ့လာကြည့်ရှုရန် ကမ်းနှင့်နီးရာကို လာရာမှ ရေယက်မြီးနှင့် ေရ
မှော်အချို့ညိကာ ရုန်းရင်းကန်ရင်း ရွှေ့မရသည့် အနေအထားဖြစ်ခဲ့ခြင်းဖြစ်
သည်။သူ့ရဲ့စကားကို နားလည်သည့် Jungkookအား အထူးတဆန်းကြည့်မိ
သည့် အကြောင်းအရင်းမှာမူ ဤသို့ဖြစ်
၏။စင်စစ်အားဖြင့် ရေအောက်မြို့တော်မှ
ငါးတစ်ပိုင်းလူများ၏ စကားသည် လူ
များ၏ စကားသံနှင့် မတူတာကြောင့်
သူ၏ စကားသံကို လူတစ်ယောက်ဖြစ်
သည့် Jungkookက နားလည်သည်မို့
အထူးတဆန်းဖြစ်သွားခြင်းဖြစ်သည်။နောက်တစ်ချက်ကမူ..ဘိုးဘေးများအဆိုအရ..မျိုးတူငါးတစ်ပိုင်းလူများမှ လွဲ၍ မိမိစကားအား နားလည်သောသူ
သည် ကံကြမ္မာက စီမံပေးသည့် ကြင်
ယာဖက်ဟု ဆိုကြသောကြောင့် အထူးတဆန်းဖြစ်ခဲ့ရခြင်းဖြစ်လေသည်။သူ၏ မိခင်သည်လည်း ဖခင်နှင့် စုံမိ
ကာ ထိုအကြောင်းကြောင့်ပင် ကြင်ယာဖက်မှန်း တန်းသိကာ ချစ်ကြိုက်မိသွားကြခြင်းဖြစ်၏။လူ့ပြည်မှာ မွေးဖွားခဲ့ပြီး နှစ်အနည်း
ငယ်နေထိုင်ခဲ့ဖူးသည်က တစ်ကြောင်း
နှစ်ပေါင်းများစွာတိုင် ေရမျက်နှာပြင်ပေါ်တက်တက်ပြီး လူတို့ရဲ့အလေ့အထနှင့်စကားသံများကို လေ့လာခဲ့တာမို့
ကျင့်သားရေနသည်က တစ်ကြောင်းကြောင့် Jiminသည်လဲ တခြားသူများ နားလည်နိုင်မည့် လူသုံးစကားကို အတိုင်းအတာတစ်ခုအထိ သုံးနှုန်းပြောဆိုနိုင်ပြီဖြစ်တာမို့..Jungkookရဲ့
မိဘနှစ်ပါးဖြစ်သူနဲ့ ဆက်ဆံပြောဆို
ရန် အဆင်ပြေခဲ့သည်။.
.
.လပေါင်းများစွာ ကြာပြီးသော်....
"Jiminie hyung~~"
YOU ARE READING
Once Upon A Time... (UN/ZG) <Completed>