Part- 4

3.2K 356 1
                                    

"ဒီည ကျွန်တော် နဲ့ အတူ အိပ်ပေးလို့ရမလား "

"ဟမ်"

Yiboက အံ့သြတကြီး နဲ့ သူ့ကို ကြည့်နေသည့် Xiaozhan ကြောင့် အနည်းငယ် ရှက်သွားပြီး ဂုတ်ပိုးကို လက်ဖြင့်အသာပွတ်ကာ..

"အဆင်မပြေဘူးဆိုလဲ......."

"အိပ်ပေးလို့ရပါတယ်ကွာ..မင်းအခုလို ကြောက်နေတာ ငါ့ကြောင့်ပဲဟာ အိပ်ပေးမယ်"

Xiaozhan ကပြောပြောဆိုဆိုနဲ့ ဖွင့်ထားတဲ့ တံခါးမှာရပ်နေတဲ့ သူ့ကို ကျော်ကာ အထဲဝင်လာသည်။
အခန်းကို ဟိုဒီကြည့်ကာ..

"မင်းအခန်းက သပ်ရပ်နေတာပဲ"

"အိမ်တော်က လူတွေ သုံးရက်တစ်ခါ လောက်သန့်ရှင်းရေး လာလုပ်ပေးကြလို့ပါ"

"သြော်....ဒါနဲ့ မင်းရည်းစားနဲ့ တွဲနေကြတုန်းကရော သူက ဒီမှာပဲ နေတာလား"

"အာ..မဟုတ်ပါဘူး..သူ့ဟာသူ သက်သက်နေတာ"

"သြော်..."

Yiboက Xiaozhan ကို မဝံ့မရဲ ကြည့်ကာ..

"Zhan Ge ကောင်မလေးကရော နိုင်ငံခြားထွက်မသွားခင် တူတူနေကြတာလား"

"အင်း...တစ်ခါတစ်လေ တော့ သူ လာနေတယ်..ငါတို့အလုပ်တွေ အရမ်းရှုပ်နေတဲ့ အချိန်ပေါ့"

"သြော်..."

ထိုစဉ် Ph မြည်လာတာကြောင့် Xiaozhan က ကောက်ကိုင်ပြီး သူ့ကို ခွင့်တောင်းသလို ကြည့်ကာ ဝရံတာဘက် ထွက်သွားသည်။

"ကိုယ်က မင်းကို ဘာကိစ္စ ကြောင့် Ph ပုံမှန်ဆက်နေရမှာလဲ..ကိုယ့်မှာ အဲ့လောက်ထိ အချိန်မရှိဘူး"

ကြားလိုက်ရသည့် စကားကြောင့် Yibo အံ့သြ သွားသည်။ Zhan Geက သူ့ရည်းစားကိုလဲ ဒီလို မာမာကျောကျောဆက်ဆံတာပဲလား။

မိနစ်နှစ်ဆယ်လောက်ကြာအပြီးမှာ Xiaozhan က ဒေါသထွက်နေတဲ့ မျက်နှာနဲ့ အထဲ ပြန်ဝင်လာသည်။ Pajamaဝမ်းဆက် ဝတ်ထားပြီးဖြစ်တဲ့ သူ့ကို ကြည်ကာ

"ဒီလို ကျတော့ မင်းက ကလေးလေး ကျနေတာပဲ"

Xiaozhan စကားကြောင့် Yiboအလိုမကျဖြစ်သွားကာ..

"ကျွန်တော် က ကလေးနဲ့ မတူပါဘူးနော်"

"ဟားဟား..ဟုတ်ပါပြီ..ကလေးနဲ့ တူတယ်ပြောတာ မကြိုက်တဲ့ပုံပဲ..ကိုယ်မပြောတော့ပါဘူး"

Exile (Completed )Where stories live. Discover now