"မားမား....၀မ်လီကိုပြောအုံး သားသည်းမခံနိုင်တော့ဘူး "
အပြင်ကပြန်လာတာနဲ့ တိုင်တန်းနေတဲ့ သားတော်မောင်ကိုကြည့်ပြီး မိန်လီသက်ပျင်းသာ
ချမိတော့သည် ။ ဒီကလေးနှစ်ယောက်က တည့်သည်ဟူ၍မရှိ အမြဲတကျက်ကျက်ရန်ဖြစ်နေမှသာ နှစ်ယောက်လုံးစား၀င်အိပ်ပျော်တယ်နဲ့တူတယ်။သားတော်မောင်ရဲ့နောက်ကနေ လိုက်၀င်လာတဲ့သမီးကို လှမ်းသာမေးလိုက်သည်။"ကဲ ၀မ်လီ ဘယ်လိုတွေဖြစ်လာတာလဲ မကြီးမငယ်နဲ့ခုထိ ရန်ဖြစ်တုန်းလား"
မားကလည်း ၀မ်လီက ဒီတိုင်းစလိုက်တာ......
တော်စမ်း ၀မ်လီမ ဘာနင်ဒီတိုင်းစတာလဲ နင်စတာ ငါဆရာမဆီကနေ ခေါင်းခေါက်ခံရတယ်
ရိပေါ်သူ့ရဲ့မကျေနပ်ချက်တွေကို ဖွင့်ဟပြလိုက်သည်။ ပြောသာပြောတာ ဖွင့်ဟပြရတာတော့ နေ့တိုင်းလိုလိုပါပဲ ဘဲမရှိတစ်ဖြစ်လဲ သူ့ရဲ့ကောင်းကျိုးမပေးတဲ့ အမဖြစ်သူ၀မ်လီကြောင့်"တော်ပြီ သားငယ်တို့မငြင်းနေနဲ့တော့ သွားရေမိုးချိုးပြီး အနားယူတော့ "
ဆက်ငြင်းနေလျှင် မပြီးနိုင်တော့မည်သိ၍ နှစ်ယောက်လုံးကို သွားခိုင်းလိုက်ရသည်။ဒါတောင် တစ်ယောက်နှင့်တစ်ယောက် ပေစောင်းပေစောင်းကြည့်နေသေးသည်။
"ဟဲ့ အဲ့ဒါ မကိုင်နဲ့ "
"နင့်နာမည်ထိုးထားလို့လား မကိုင်နဲ့ပြောရအောင် "
ဟုတ်တယ် လပ်တော့တစ်ခုလုံးကို မောင်ပိုင်စီးထားတာ သူ့လပ်တာ့ကျမသုံးပဲဲ"တစ်ကယ်ပြောတာ ချထားလိုက်"
" မရဘူး စာတမ်းရေးမို့....... အား..... လီလီ နင်ဘာတွေကြည့်ထားတာလဲ "
ဘာတွေမှန်းလဲမသိ လူကလန့်ပြီးတော့ လပ်တော့ကိုလွှတ်ချမိသည်အထိ ၀မ်လီမကတော့ နှာဘူးအကြီးစားပါပဲ သင်တန်းမှာလည်း သူမကြိုက်တဲ့သူမရှိ သူပြောပြောနေတဲ့ အဆင်လေးဆိုပြီး ပတ်ဘူးနေတာ
"ဟဲ ဟဲ gay porn တွေလေ ကြည့်မလား ကူးပေးမယ် "
" ငါ့ကိုနင့်လို နှာဘူးမှတ်နေတာလား
"မားမား ဒီမှာ ၀မ်လီကလေ.......အွန်း လွှတ်စမ်း အွန်းးးးးး"" နင့်ပါးစပ်ကိုပိတ်ထားမှရမှာပေါ့ လွှတ်ပေးစရာလား လွှတ်ရင်တိုင်ခံရမှာပေါ့"
