❄4

1.7K 219 14
                                    

<Unicode>

"အဆိပ်မိမှာစိုးလို့ သူများမြည်းစမ်းပြီးမှသုံဆောင်ရတဲ့ ထမင်းပွဲ..... မမုန်းဘူးလား...ဟင်"

"......"

"ဒီတိုင်း လွတ်လွတ်လပ်လပ် သံသယကင်းကင်းနဲ့မနေချင်ဘူးလား...."

"အင်းပေါ့လေ ဧကရာဇ်ဆိုတဲ့တာဝန်က လွှတ်ချလို့မှမလွယ်တာ"

အကုန်ပြောင်သွားပြီဖြစ်တဲ့ စွတ်ပြုတ်ပန်းကန်ကို ပိုက်လို့ တတွတ်တွတ်မေးလိုက်ဖြေလိုက်လုပ်နေတဲ့ ရိပေါ်က ဧကရာဇ်အတွက်တည်ခင်းထားတဲ့ ဟင်းပွဲတွေကို တဇွတ်ဇွတ်လှမ်းနှိုက်ဖို့ကလည်းမမေ့။

ဟင်းလျာတွေကို ပါးစောင်ထဲထည့်ထားရလို့ ဖောင်းကားနေတဲ့ပါးနှစ်ဖက်ရယ်၊ အဆီတဝင်းဝင်းနဲ့ စူထော်ထော်နှုတ်ခမ်းလေးတွေရယ်က ရှောင်းအရှင်ရဲ့ အမျက်ဒေါသတွေကို ငြိမ်းအေးစေရာ။ အမေးရှိသမျှ မဖြေလာသော နှုတ်ခမ်းပါးတွေက ပြုံးရိပ်သန်းလို့ ကြည်လင်နေသော မျက်ဝန်းညိုတို့က တစ်လှုပ်လှုပ်ရွေ့နေသော ပါးပြင်နုနုထံမှာ။

"ဒါနဲ့.....အရှင်..."

လက်ထဲကိုင်ထားတဲ့တူကို ဆတ်ကနဲချလိုက်တဲ့ ရိပေါ်ကို အရှင်က တစ်ချက်မျှစိုက်ကြည့်လာတယ်။

"အရှင်က တစ်စုံတစ်ယောက်ကို သေမိန့်ပေးလို့ရမှာပေါ့"

ထူးဆန်းတဲ့အမေးစကားကြောင့် အရှင်ရဲ့ မျက်ခုံးနက်နက်တို့ အနည်းငယ်မျှတွန့်ကြုံ့လို့။

"ကျွန်တော့်ကိုသေမိန့်ချပေးပါလား"

ရိပေါ်ရဲ့ အားတက်သရော တောင်းဆိုသံအဆုံး အရှင့်ရဲ့ လက်ထဲက တူတစ်စုံက တောက်ခနဲ ပြုတ်ကျတယ်။ မျက်ဝန်းအစုံကလည်း ပြူးကျယ်လျက် အလွန်အမင်းအံ့အားသင့်သွားဟန်။

"ဟီး....."

မျက်လုံးလေးတွေပါ ပြုံးနေအောင်လုပ်ရင်း ရိပေါ် မျက်နှာချိုသွေးမိတော့ ပကတိငြိမ်သက်နေတတ်သောမျက်ဆံညိုညိုတို့က လှုပ်ခတ်သွားကြတယ်။

ထူးဆန်နေပေမဲ့ ရိပေါ်က တကယ့်ကို လိုလိုလားလား တောင်းဆိုနေခြင်းပင်။ သူက တကယ်သေဆုံးချင်တာပါ။ ပြောမရဘူး။ Time travel ရုပ်ရှင်တွေထဲကလို အတိတ်မှာ သေဆုံးပြီး အနာဂတ်ကိုပြန်ရောက်ချင် ရောက်သွားနိုင်တယ်လေ။ ကျစ်~ သူဘာလို့ ဒါကို မေ့နေမိပါလိမ့်။

When The First Snow FallsWhere stories live. Discover now