အပိုင်း(၁)

1 0 0
                                    


                          "ဖေကြီး သားကျောင်းသွားပြီနော်" 
"အေအေ သား ဆိုင်ကယ်ဂရုစိုက်မောင်းနော်"
"ဟုတ် ‌ဖေကြီး" ဆိုပြီး ခန့်သော် ဆိုင်ကယ်‌ဖြင့် ကျောင်းသို့ထွက်လာသည်။

ကျောင်းနားရောက်ခါနီးတော့
"ဟျောင့် မင်းအခုဆိုင်ကယ် ရပ်လိုက်စမ်း "
ဟု ကျောင်းကလူမိုက်လိုလိုဘာလိုလိုနဲ့အဖွဲ့နဲ့ အာချောင်နေတဲ့ ရဲနောင်က လှမ်းပြောတဲ့အတွက် ခန့်သော် ဆိုင်ကယ်ကိုရပ်လိုက်ရသည်
"မင်းမှာ ပိုက်ဆံဘယ်လောက်ပါလည်း ပါတာငါ့ကို အကုန်ပေး" 
"ငါ့မှာ ၂၀၀၀ပဲပါတာ မင်းလိုချင်ရင် ၁၀၀၀ယူလေနော်"
"လျှာမရှည်နဲ့ ၂၀၀၀လုံးပေး"
ခန့်သော်လည်း အေးဆေးနေတက်တာရော ပြဿနာမဖြစ်ချင်သောကြောင့် ပါလာသောမုန့်ဖိုး၂၀၀၀လုံးကိုပေးလိုက်သည်
"ဒီလိုမှပေါ့ ငါ့ကောင်ရ လိမ်မာစမ်းပါ"ဟု ပြောပြီး ရဲနောင်တို့အဖွဲ့ ထွက်သွားသည်   

"ကလောင် ကလောင် ကလောင်" 
၇နာရီ၄၅ ကျောင်းတက်ခေါင်းလောင်းထိုးတာနဲ့ကျောင်းသားတွေအကုန်လုံး ကိုယ်အတန်းတွင်ကိုယ်စီထိုင်ကြသည်။
  ကျောင်းတွင် Bio (၂)ခန်း ECO (၃)ခန်းရှိတယ်
  ခန့်သော် ရော ခွင့်လမ်းသစ်ရော က ECOယူကြတယ် ခန့်သော်က (C)အခန်း ခွင့်လမ်းသစ်က (D)အခန်း
  ဒါပေမယ့် ခွင့်လမ်းသစ်က ခန့်သော်နဲ့ အခန်းတူချင်သောကြောင့် ဆရာမကို ပြောပြီး အခန်းပြောင်းခဲ့တယ်
   ကျောင်းခန်းထဲ‌‌ရောက်တော့ (၁၅)မိနစ် တရားထိုင်ရတယ်
   "ဟျောင့် ‌‌ဟျောင့်ရေ" ဟုခွင့်လမ်းသစ်က လှမ်းးခေါ်သော်လည်း ခန့်သော်က တရားထိုင်နေသောကြောင့်မလှုပ်
   အဲ့တာနဲ့မရတာနဲ့ ခွင့်လမ်းသစ်က ခန့်သော်ရဲ့ပေါင်ကိုသွားပွတ်တယ်......
   ခန့်သော်‌လည်း ယားတာနဲ့ မျက်လုံးနည်းနည်းးပွင့်လာတယ်
   "ဟျောင့် ခွင့်လမ်း ငြိမ်ငြိမ်‌‌နေပါကွာ ငါဒီမှာ အေးဆေးတရားထိုင်ချင်လို့"ဟုပြောတော့မှ
   ခွင့်လမ်းသစ်က
   "ပြီးးရောကွာ မင်းကလည်း ဒါလေးစတာကို ဘာလည်းမင်းFeelတက်နေတာမလား ဟဟ"
   ခန့်သော် ဘာမှပြန်မပြောပဲတရားသာ ဆက်ထိုင်နေသည်
   ၈နာရီ အတန်းစတော့ မြန်မာဆရာမ‌ဒေါ်ယုယဝင်လာတယ်
   "သားခန့်သော် နဲ့ ခွင့်လမ်းသစ် ဆရာမ အမှတ်ခြစ်ထားတဲ့ စာအုပ်တွေ Bအခန်း ခုံပေါ်မှာတင်ထားတယ် ဆရာမကိုသွားယူပေး"
   ခန့်သော်က
   "ဟုတ်ကဲ့ ဆရာမ"လို့ပြောပြီးနှစ်ယောက်လုံးအတန်းပြင်ထွက်ခဲ့တယ်
   "ဟျောင့်ခန့်သော် မနက်က မင်းကိုဟိုကောင်တွေအနိုင်ကျင့်နေတာမလား ငါကားပေါ်ကတွေ့တယ် ငါ့အဖေရှိတာနဲ့ငါမဆင်း‌လာတော့တာ "
   "ဟုတ်တယ်ကွ ငါ့ဆီက ပိုက်ဆံတောင်းနေတာ ငါလည်းပြဿနာမဖြစ်ချင်တာနဲ့ပေးလိုက်တယ်"
   "မင်းကွာ အဲ့လောက်‌တောင် တုံးရလား သူတို့တောင်းတာနဲ့မင်းကပေးရလား အဲ့ကောင်တွေငါနဲ့တော့ညိတော့မယ်"ဆိုပြီး စကားပြောရင်း စာအုပ်သွားယူကြတယ်........
   "ကလောင်....ကလောင်....ကလောင်"
   "ဟျောင့် ခန့်သော် ဘာထိုင်လုပ်နေတာလဲ လာမုန့်သွားမယ်လေ "
  "ငါ့မှာ ပိုက်ဆံ၂၀၀၀ပဲပါတာလေ အဲ့၂၀၀၀ကလည်းဟိုကောင်တွေကို‌ပေးလိုက်ပြီ တော်ပါပြီ ငါမစားတော့ဘူး စာလည်းလုပ်စရာရှိသေးလို့"
  အဲ့တာနဲ့ခွင့်လမ်းသစ်က ခန့်သော်‌ရဲ့ဆံပင်လေးကိုပွတ်ပြီး
  "မင်းကလည်း ဗိုက်ဆာတာကိုညာနေသေးတယ် ငလိမ်ကောင်လေး လာ ငါ့မှာပိုက်ဆံပါတယ် ငါဝယ်ကျွေးမယ်"
  အဲ့တာနဲ့မုန့်စားတန်းကိုထွက်လာတယ်
 
  ရုတ်တရက် ခန့်သော်တစ်ခုခုကိုခလုတ်တိုက်ပြီး လူကြားထဲတွင်ချော်လဲသွားတယ်
  မုန့်စားတန်းဆိုတော့ လူတွေအများကြီးပဲ ခန့်သော်ကိုဝိုင်းရီကြရော
"ဟျောင့်ရလား ငါ့ထူပေးမယ် ထထ ငါရှိတယ်"ဆိုပြီး ခွင့်လမ်းသစ်က ထူပြီး ကြည့်လိုက်တော့ ရဲနောင်တို့လက်ချက်ဖြစ်နေတယ်
"ဟျောင့် အဲ့တာမင်းဘာလုပ်တာလဲ မင်းငါ့သူငယ်ချင်းကိုအနိုင် ကျင့်တာများနေပြီနော်" ခန့်သော်က အနောက်က လက်မောင်းကိုဆွဲပြီး
"တော်ပြီ ဟျောင့် ငါဘာမှမဖြစ်ဘူး သွားရအောင်" အဲ့အချိန်မှာ
ရဲနောင်က
"ဘာဖြစ်လဲကွာမင်းနဲ့ဘာဆိုင်လဲ ငါ့ဘာသာ သူ့ကိုဘာလုပ်လုပ်မင်းဝင်ပြောစရာမလိုဘူး"
"ခွက်"
ခွင့်လင်းသစ်ရဲ့ အားပြင်းတဲ့ လက်သီးကြီး ရဲနောင်မျက်နှာပေါ်ကျရောက်သွားသည်
လူတွေလည်း ဆူညံကုန်တယ်
ရဲနောင်အဖွဲ့ကကောင်တွေလည်း ခွင့်လမ်းသစ်ကိုဝိုင်းထိုး ဆရာမတွေလည်းရောက်လာ နောက်ဆုံး ခန့်သော်ရော ခွင့်လမ်းသစ်ရော ရဲနောင်တို့အဖွဲ့ရော ကျောင်းအုပ်ကြီးရုံးခန်းတို့ရောက်လေသည်
မိဘတွေကိုဖုန်း ဆက်ခေါ်ပြီး ခံဝန်လက်မှတ်ထိုးရတယ်.......
"ကလောင်....ကလောင်....ကလောင်"
ဒီနေ့ကသောကြာနေ့လေ မနက်ဖြန်ဆိုကျောင်းပိတ်ပြီ
"ဟျောင့်ခန့်သော် မင်း မနေ့ကဘယ်နားထိသွားသေးလည်း "ဟု ခွင့်လမ်းသစ်က သူ့ဒဏ်ရာတွေကိုမေ့ပြီး ခန့်သော်ကိုမေးရှာတယ်
"ဟျောင့် ငါ့ကိုစကားလာမပြောနဲ့တော့ ငါတစ်ခါမှကျောင်းအုပ်ကြီး ရုံးခန်းးရောက်ဖူးတာမဟုတ်ဘူး ပြီး‌တော့ မင်းကြောင့် ငါ ငါ့အဖေဆီမှာဆူခံရတယ် မင်းကိုငါ ‌တော်ပြီလို့ပြောသားပဲ ငါဒီနေ့ကစပြီးမင်းနဲ့စကားမပြောတော့ဘူးး ငါ့စာငါပဲလုပ်တော့မယ်"ဟုပြောပြီး ‌ထောင့်က မင်းရတုနဲ့နေရာချိန်းထိုင်လိုက်တယ်
"ခန့်သော်ရယ် ငါ့ဒဏ်ရာတွေ သက်သာလားတောင် မင်းမမေးဘူးနော် ရပါတယ်ကွာ မင်းအဆင်ပြေအောင်နေပေးပါ့မယ်"

အပိုင်း(၂)မျှော်
အမှားပါရင်ခွင့်လွှတ်ပါ

ပထမလူWhere stories live. Discover now