𝟭

4K 277 7
                                    

For unicode

1928ခုနှစ်၊ မြောက်ဥရောပအပိုင်း ဂျာမန်ပြည်

သန့်ရှင်းလတ်ဆက်သော လေပြေအေးများ ပျံ့လွင့်နေချိန် ချစ်စရာ ငှက်မောင်နှံတို့ကလည်း ကောင်းကင်ထက် ပျံသန်းနေသည်။ ငှက်ပေါက်လေးတွေရဲ့ တကျိကျိအသံကလည်း နား​ငြီးမနေပဲ ပတ်ဝန်းကျင်နှင့် လိုက်ဖက်စွာ ဆူညံနေသေး၏။

Jungkook အေးစိမ့်စိမ့်လေပြေအေးအား တစ်ချက် ရှူရှိုက်လိုက်ပြီး စိတ်ကို လျော့ထားလိုက်သည်။

"သားငယ် ပစ္စည်းတွေ စုံရဲ့လား။"

မိခင်ရဲ့ စကားသံကို ခပ်ပြုံးပြုံးနှင့်....

"စုံပါတယ် မား။ မားကလည်းနော် ကျွန်တော်က အပြစ်ပေးခံရလို့ သွားရမှာပါ။ မသိရင် ပျော်ပွဲစားကျနေရော စားစရာတွေမှ စုံနေရော.....။"

"မားက စားစေချင်လို့ပါ။ ဟိုရောက်ရင် မင်းတို့ ညီအစ်ကိုတွေ ဝအောင်စားပေါ့။"

"ဟုတ်ကဲ့။"

"အစ်ကိုကြီးနဲ့လည်း တဲ့အောင်နေနော်။ မဆိုးရဘူး။"

"ဟုတ်ကဲ့ပါ မားရယ်။ ကျွန်တော်က ကလေးမဟုတ်တော့ပါဘူး။"

"အင်းပါ။ နှုတ်ဆက်ပါတယ် သားငယ်။ ကျန်းမာရေးဂရုစိုက်နော် မင်းအစ်ကိုကြီးလည်း ပြောလိုက်ဦး။ မားနဲ့ပါးက လွမ်းနေတယ်လို့်။"

"ဟုတ် မားနဲ့ပါးလည်း ကျန်းမာအောင်နေပါ။"

ထို့နောက် Jungkookနှင့် Jungkookရဲ့ ဝန်အထုတ်အပိုးတွေပါသော ရထားလုံးငယ်သည် ဟိုက်ဒါလ်ဘတ်လ်မြို့မှ စတင်ထွက်ခွာလာခဲ့သည်။

မြို့ တစ်နယ်မှ တစ်နယ်သို့ သွားလာရန် မလွယ်ကူလှသော အချိန်မှာပင် Jungkookက အစ်ကိုဖြစ်သူရှိရာ ပေါ့စ်ဒမ်မြို့နယ်သို့ အ​​​ပြစ်ကြောင့် သွားနေရ၏။ အစ်ကိုကြီး.....အစ်ကိုကြီးကို Jungkookက ကြည်ဖြူသည်တော့ မဟုတ်။ ဒါက မိဘတွေ အပြစ်ပဲပြောရမလား ကိုယ်တွေ ညီအစ်ကိုနှစ်ယောက် စိတ်တူကိုယ်တူမဖြစ်ဘူးလို့တာကိုပဲ အပြစ်ပြောရမလား မသိတော့ပါဘူး။

မားထည့်ပေးလိုက်တဲ့ သစ်သီးသစ်ဥတွေထဲမှ အကြိုက်ဆုံးဖြစ်တဲ့ ပန်းသီးကိုလှမ်းယူလိုက်ကာ ဝတ်ထားတဲ့ အကင်္ျီနဲ့ပဲ ကပိုကယိုသုတ်ပြီး ကိုက်ချလိုက်ကာ လွယ်အိတ်ထဲက စာအုပ်တစ်အုပ်ကို ထိုင်ဖတ်နေလိုက်သည်။

~•𝖬𝗂𝗌𝗍𝗅𝖾𝗍𝗈𝖾•~ {𝙴𝚍𝚎𝚗 𝙲𝚘𝚗𝚝𝚎𝚜𝚝}Nơi câu chuyện tồn tại. Hãy khám phá bây giờ