21

4.5K 344 13
                                    

Yoongiတစ်ယောက်ကလေးတစ်ဖက်နှင့်အတူBusanကိုထပ်မဖံပြောင်းရွေ့လာခဲသည်။Busanမှာတိုက်ခန်းလေးတစ်ခုဝယ်ကာသားလေးနှင့်အတူရုန်းကန်နေခဲ့သည်။
သားလေးက3လလောက်ပဲရှိသေးသည်။Taeလိုမျိုးပြုံးတတ်သလို၊သူ့လိုလည်းအသားဖြူသည်။သိပ်လည်းချောသည်။

"အူးးးဝါးး"

"သားကလည်းကွာတိတ်တိတ်အိပ်ရတော့မှာကိုမငိုနဲ့.....အိပ်ပါသားရယ်"

"အူးးးဝါးးး"

Yoongiလည်းဘယ်လိုမှသိပ်မရတာကြောင့်ကလေးသဘောအတိုင်းကလေးနှင့်အတူTVဆက်ကြည့်နေလိုက်သည်။

TVကိုငြိမ်သက်စွာကြည့်နေတဲ့သားကိုYoongiအူယားမိသည်။သေးသေးလေးပဲရှိသေးသော်လည်းအကုန်သိအကုန်တတ်

*လူကြီးရယ်....မလိမ်ပဲပြောရရင်လွမ်းတယ်။အမHayooနဲ့လည်းကလေးရလောက်ပြီပေါ့........သားလေးကလူကြီးနဲ့အရမ်းတူတယ်။လူကြီးလိုပဲအရမ်းချောတယ်။အရင်ကအနမ်းတွေကိုမက်မောနေတုန်းပဲ။ဒါပေမယ့်လည်းးးးလူကြီးမကြိုက်ဖူးဆိုဝေးဝေးထွက်သွားမှာပါ*

သားလေးကိုကြည့်ရင်းတွေးမိတာကြောင့်မျက်ရည်တို့ကျလာပြန်သည်။မျက်ရည်တွေကိုဖိသုတ်ကာ

*ချစ်တယ်လူကြီး*

သားလေးကတော့TVကြည့်ရင်းအိပ်ငိုက်နေသည်။ကိုယ်လဲချစ်စရာကောင်းလွန်းတာကြောင့်ရီနေမိသည်။ကလေးကိုချီကာသိပ်လိုက်တော့မှေးစင်းနေသောမျက်လုံးတို့နှင့်အိပ်ပျော်သွားသည်။

ပါးဖောင်းဖောင်းတို့ကသူနှင့်အလွန်တူသည်။

"ငါ့သားပဲငါနဲ့တူမှာပေါ့"

ကိုယ့်ဘာသာပြောပြီးကိုယ့်ဘာသာရီနေမိသည်။

"📱📱📱📱"

ဖုန်သံကြောင့်ကလေးကိုအိပ်ယာပေါ်တင်လိုက်သည်။သူတို့တိုက်ခန်းကအလွန်ကျဥ်းသည်။အခန်းငယ်လေးတစ်ခုသာ.......အိပ်ယာနှင့်TV....ပြီးတော့မီးဖိုခန်းနဲ့ရေချိုးခန်းအိမ်သာသာပါသည်။

"ဟယ်လို.....သူဋ္ဌေးပြောပါ"

"မင်းကိုအလုပ်ဖြုတ်လိုက်ပြီ။မင်းမှာအမှားတော့မရှိပါဘူးးးးကုမ္ပဏီတစ်ခုကမင်းကိုခေါ်ချင်လို့တဲ့"

🖤PLEASE LOVE ME🖤(complete)Where stories live. Discover now