ကမ်းခြေမှာ ဆော့နေကြပေမဲ့ Taehyungကတော့ တစ်ယောက်တည်းပင် ထိုင်နေလျက်။ ထိုသည်ကို jungkookကမမြင်သေးပါချေ။Taeသည်
Yoongi ဘေးက jungkook ကိုပဲ ကြည့်နေမိသည်။(ငါ ဘာလုပ်သင့်လဲ? jungkook နားက ထွက်သွားသင့်လား??
ကျစ်! ငါမသိတော့ဘူး) Tae တစ်ယောက်အတွေးနယ်ပယ်ထဲတွင် နစ်မျောနေစဉ်ပင် ခေါ်သံတခုကြားလိုက်ပါ၏။"Tae!"
သူ့ကို ခေါ်လိုက်တဲ့ အသံကို သူသိပါသည်။အရမ်းရင်းနှီးနေသော ထိုအသံလေး။ အသံချိုချိုနှင့် အမြဲပြောတတ်သော ကောင်လေးသည်သာ
"အင်း jungkook"
"မျက်နှာလဲ မကောင်းဘူး?? မင်းဘာဖြစ်တာလဲ ?မပျော်ဘူးလား?"
စိုးရိမ်၍ မေးနေသည်မှာ ပြောစရာပင်မလိုအောင် jungkook မျက်နှာထက်တွင်အထင်းသား။
"မဟုတ်ပါဘူး ငါပျော်ပါတယ် " (ပြုံးလျက်ပြော)
သူဘာဖြစ်နေတာလဲ? တကယ်မျက်နှာမကောင်းဘူး! စိတ်ညစ်နေတာလားများလား?
Jungkook စိုးရိမ်နေမိသည်။ ထို့ကြောင့်ပင် ...jungkookသည် စိတ်ညစ်နေသော Tae အား ပျော်ရွှင်လာစေရန် ပင်လယ်ဘက်သို့ လက်ဆွဲခေါ်သွားတော့သည်။"လာ ရေသွားဆော့ရအောင်"
Yoongi မှာတော့ စိတ်တို၍သာနေသည်။ ဘာမှလဲသွားမလုပ်နိုင်ပါ ။ အစက သူ့ဘေးထဲ ငြိမ်သက်စွာထိုင်နေသော ထိုကောင်လေးက Taehyungမျက်နှာ တချက်ပျက်ရုံနှင့် ချက်ချင်းထိုနေရာသို့ ရောက်သွားသည်တဲ့လား?
*Kookie မင်းက သူနဲ့မှ ပျော်မှာလား?*
"Yoongi hyung သဝင်တိုနေတာလား? မျက်နှာက စူပုတ်နေတာပဲ"
ဘယ်ချိန်ထဲကရောက်နေမှန်းJimin က ပြောလိုက်သည်။ yoongi တယောက် သက်ပြင်းချပြီးဆက်ပြောလိုက်သည်။
"မင်း? ထပ်ပြီး ရောက်လာပြန်ပြီလား?"
"လာပါ ကျနော်တို့လဲ သွားဆော့မယ် အဲ့လို ရုပ်ကြီး လုပ်မနေပါနဲ့"
Jimin က yoongiဘာဖြစ်နေလဲ သိသည်မို့။ ပျော်လာရန် သူကလဲ ဆွဲခေါ်တော့သည်။ ထိုသည်ကိုပင် yoongi ကမလိုက်ပါချေ။
"မလိုက်ဘူး"
"Yoongi hyung လာပါဗျာ။ ဟိုမှာ ဘောလီဘောပုတ်ကြမှာ ကျနော်တို့လဲ သွားကစားကြမယ်လေ"
YOU ARE READING
💖TRUE LOVE💖