Unicode

688 47 6
                                    

<ဥက္ကာငယ်>

ကျွန်တော်က မိဘမဲ့တစ်ယောက်။မိဘတွေက ကျွန်တော်5နှစ်သားလောက်ကတည်း car accidentကြောင့် သေဆုံးသွားခဲ့ကြတယ်။ ဒါကြောင့် ကျွန်တော့်ကို မိဘမဲ့ဂေဟာဆိုတဲ့ နေရာလေးတစ်ခုကနေ ဆက်လက်စောင့်ရှောက်ခဲ့တယ်။အဲ့ဂေဟာကနေဘဲ အထက်တန်းအောင်ခဲ့တယ်။ကျွန်တော်က သိပ်ကံဆိုးတာဗျ။မွေးရာပါနှလုံးရောဂါဆိုတဲ့ ရောဂါဆိုးကြီးက ကျွန်တော်နဲ့အတူပါလာလေရဲ့။အရမ်းပင်ပန်းတဲ့အလုပ်တွေကို မလုပ်နိုင်တာကြောင့် ကော်ဖီဆိုင်လေးတစ်ခုမှာဘဲ အချိန်ပိုင်းအလုပ်ဝင်လုပ်ခဲ့တယ်။အဲ့ကရတဲ့ ပိုက်ဆံလေးက ကျွန်တော့်နှလုံးဆေးတွေ ဝယ်ဖို့အတွက်တော့ သိပ်ကိုလုံလောက်တဲ့ ပမာဏပေါ့ဗျာ။တက္ကသိုလ်ဆက်တက်ဖို့ဆိုတာ ကျွန်တော့်ဘဝနဲ့အဝေးကြီးမို့ လက်လျှော့ခဲ့ရတယ်။ကျွန်တော့်အသက်22နှစ်မှာဘဲ ကျွန်တော့်ရဲ့ ဖူးစာရှင်ကို ရှာတွေ့ခဲ့တယ်။

.......................................................................

<ဘုန်းထက်လျှံ>

ကျွန်တော့်မိဘတွေက ပိုက်ဆံချမ်းသာပြီး သိပ်ကိုဂုဏ်မောက်ကြတာ။တစ်ဦးတည်းသောသားဖြစ်တဲ့ ကျွန်တော့်ကို အရမ်းဂရုစိုက်တဲ့အပြင် အတိမ်းအစောင်းမခံအောင် ကာကွယ်ပေးကြတယ်။ကျွန်တော်ဆိုတာကလည်း မိဘစကားတစ်ခွန်းဆိုတစ်ခွန်းဘဲ။ဒီခေတ်စကားနဲ့ပြောရမယ်ဆို မိဘစကားကို မြေဝယ်မကျနားထောင်တာပေါ့ဗျာ။ကျွန်တော်ကတော့ တက္ကသိုလ်တတိယနှစ်ကျောင်းသားကြီးဗျ။တစ်နေ့ ကော်ဖီဆိုင်တစ်ခုကိုသွားတဲ့အချိန်မှာ ကျွန်တော့်ဘဝရဲ့အလင်းရောင်လေးကို ရှာဖွေတွေ့ရှိခဲ့တယ်။သို့သော်......

.......................................................................

3.2.2014(သောကြာနေ့)

ဘုန်းထက်လျှံတစ်ယောက် ဒီနေ့ကျောင်းလစ်ပီး သူငယ်ချင်းတွေနဲ့ shoppingထွက်ခဲ့ကြတယ်။

"ဟျောင့် ဘုန်းထက် မင်းစျေးဝယ်နေတာ မပီးသေးဘူးလားကွာ ဒီမှာ ငါလမ်းလျှောက်နေရတာ ခြေထောက်ညောင်းနေပီကွ မင်းက ဒီနားတင် ပတ်သွားနေတာ"
ဝေယံတစ်ယောက် ဘုန်းထက်ကို စိတ်မရှည်တော့၍ ပြောလိုက်ခြင်းပင်။

ESCAPE LIFE (One Shot)Where stories live. Discover now