အပိုင်း-(၂၄)

94.2K 9.8K 354
                                    

"မဟုတ်ဘူးလေဗျာ အဲ့တာကြီးကတော့.."

သူစိတ်ပျက်လက်ပျက် ညည်းညူတော့ ကိုဝင်းကျော်က အထင်သေးသည့်အကြည့်နှင့် ကြည့်သည်။

ဆရာဝန်ချင်း ဒီလိုကြည့်ခံရတာလောက် ခံရခက်တာမရှိ။ အထူးသဖြင့် ကိုဝင်းကျော်လို လူမျိုးဆီမှ အကြည့်ရတာမျိုး...။

"ကိုဝင်းကျော်က ဘာလို့ မနက်ထဲက မပေးတာလဲဗျ"

"ငါမအားသေးလို့ ဆိုတာ မင်းကို ပြောပြီးပြီလေ! ဘာပဲဖြစ်ဖြစ် ခုလုပ်ဆိုလုပ်လိုက်ပေါ့ "

မင်းဆက် သူ့လက်ထဲမှ စာရွက်အပြည့်ပါသော ဖိုင်တွဲကို ကြည့်၍ ဒေါသထွက်လာသည်။ မနက်ဖြန် လာမည့် professor ကို meeting မှာ ရှင်းပြရမည့် ရောဂါဆယ်ခုကျော်အကြောင်း အသေးစိတ်ကအစ မှတ်ထားသည့် ဖိုင်တွဲကို သူအမီကျက်ရမည်တဲ့။ဆေးရုံအုပ်ကသာ သူ့ကို တိုက်ရိုက်ပေးခဲ့လျှင် မနက်ကတည်းကရမည် ဖြစ်သော်လည်း ဒေါက်တာဝင်းကျော်က ဖြတ်ယူထားပြီး တမင်နိုင်ထက်စီးနင်းလုပ်သည်မှာ သိသာလှ၏။

ကိုဝင်းကျော်ဆိုတာ ဆေးကျောင်းမှာကတည်းက သူ့အောက် တစ်နှစ်ငယ်သော Junior မင်းဆက် ကို လိုက်ပြိုင်တတ်သော လူဖြစ်သည်။ ကံဆိုးလှသော မင်းဆက်မှာ ဆေးရုံဆင်းရတော့လည်း ဒီလူနှင့် တစ်ဆေးရုံတည်းကျ၏။

မနက်ဖြန် meeting မှာ သူ့ကို အကြပ်ရိုက်အောင် တမင်လုပ်သည်မို့ မင်းဆက် အံကြိတ်လိုက်သည်။ ငြင်းလျှင် Senior ကိုပြန်ရိုင်းသည် ဟု ပိုဆောင်းအပြောက ခံရဦးမည်။

"ငါတော့ ဆေးရုံဆင်းပြီ မင်းဆက်ရေ ! အဲ့ဒါတွေ အကုန် ရအောင်ကျက်ထား"

နောက်တီးနောက်တောက် ပြောသွားသော Senior မပီသသည့် Senior က ခပ်တည်တည်ဖြင့် ဆေးရုံဆင်းသွားသည်။

"မင်းဆက်.....အိမ်ပြန်မယ်လေ!"

ဟန်သွေးနှင့် ဝတ်မှုန်က လာခေါ်သော်လည်း သူခေါင်းကို ခပ်လေးလေးယမ်းပြလိုက်သည်။

"ငါ ဒါကို ပြီးအောင် ကျက်ရအုံးမယ်၊ အိမ်မှာဆို အာရုံစိုက်ဖြစ်မှာ မဟုတ်ဘူး"

အကြောင်းစုံ သိသည့် သူငယ်ချင်းများကလည်း စိတ်မသက်မသာဖြင့် ပြန်သွားကြသည်။

Swamping with Intimacy(Season-1)Where stories live. Discover now