တစ်ချို့သော ပန်းတွေက အတားအဆီးတွေကြားမှာ ခက်ခက်ခဲခဲ ပွင့်လန်းရတယ်...သာမာန်ထက် ကြံခိုင်သန်မာနေမှာတော့ အမှန်ဘဲ___
_________________________________________လူငယ်လေးတစ်ယောက်
မိခင်မြေက ကိုယ့်လူမျိုး မဟုတ်တဲ့ လူမျိုးခြားတွေ လက်အောက်ခံကျရောက်နေတယ်အမိမြေအတွက် ပေးဆပ်စရာ ဘာကြွယ်ဝမှုမှမရှိပေမဲ့ အသက်ကို ပေးဆပ်ထားတယ်
ဒါက လုံလောက်တယ်လို့လဲ မထင်ဘူး
လိုအပ်နေတာ 'လွတ်လပ်မှု' ပါဘဲ..
ကိုယ့်လူမျိုးတွေ တိုင်းတစ်ပါး လက်အောက်ခံကလွတ်ပြီး နောက်ဆံမတင်းရယ်မော နိုင်ဖို့ပါဘဲသူက သတင်းပေး တပ်သား ။ လုပ်ကြံတဲ့ တပ်သား ။ တစ်ကိုယ်တော်တပ်သား ။
#ပတ္တမြား လူငယ်အဖွဲ့
____________
မှောင်မိုက်နေတဲ့ လမ်းသွယ်သွယ်ထဲ လူတစ်ယောက်က ရပ်နေတယ် အညိုရောင်ကုတ်ရှည် နဲ့ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားပြီး ရှူးဖိနပ်တစ်ဖက်က မြေကြီးကို တူးဆွနေတယ်
ဒီအပြုအမူက ဒီလူက လူတစ်ယောက်ကို စောင့်နေတယ်လို့ အဓိပ္ပါယ်ရတယ်
ခဏကြာတော့ လမ်းထဲ လူတစ်ယောက်ဝင်လာတယ်
သူတို့ အချင်းချင်း တိုက်မိသွားကြတယ် အကြည့်ချင်းဆုံပြီး တစ်ဖက်လူက လမ်းထဲက ပြန်ထွက်သွားတယ်လက်ထဲမှာ ညိုညစ်ညစ် စာတိုတစ်ရွက်...
"သောကြာနေ့ည ၆နာရီ
ကီဆန်း အော်ပရာရုံ"_____________
သောကြာနေ့ည ။ ကီဆန်းအော်ပရာရုံ ။
ကီဆန်းအော်ပရာရုံရှိရာ လမ်းထဲ လူတွေ အများကြီး ဝင်ထွက်နေတယ် ... လူကုံထံတော်တော်များများပေါ့ရှင်းရှင်းပြောရရင် ကိုယ့်လူမျိုးသစ္စာဖောက်တဲ့သူ ခေါင်းပုံဖြတ်တဲ့သူတွေနဲ့ တိုင်းတစ်ပါးသားတွေဘဲ...
အော်ပရာရုံရဲ့ရှေ့မှာ လူတွေ ကြိတ်ကြိတ်တိုးနေတယ်
လူတစ်ယောက်က ငွေတုံးတစ်တုံးကို ပစ်ပေးလိုက်တယ် ထိုလူက အမေးအမြန်းမရှိ အထဲဝင်ခွင့်ရတယ်
YOU ARE READING
Kingdom & Freedom (One Short)
Poetryပန်းတစ်ပွင့်ရဲ့ တန်ဖိုးကို ဥယာဥ်မှူးသာ ဆုံးဖြတ်ပါစေ... Written by Jinlusy ...