一(Zaw)

1.3K 133 0
                                    

တစ်ချို့​သော ပန်း​တွေက အတားအဆီး​တွေကြားမှာ ခက်ခက်ခဲခဲ ပွင့်လန်းရတယ်...သာမာန်ထက် ကြံခိုင်​သန်မာနေမှာ​တော့ အမှန်ဘဲ___
_________________________________________

လူငယ်​လေးတစ်​ယောက်
မိခင်​မြေက ကိုယ့်လူမျိုး မဟုတ်တဲ့ လူမျိုးခြား​တွေ လက်​အောက်ခံကျ​ရောက်​နေတယ်

အမိ​မြေအတွက် ​ပေးဆပ်စရာ ဘာကြွယ်ဝမှုမှမရှိ​ပေမဲ့ အသက်ကို ​ပေးဆပ်ထားတယ်

ဒါက လုံ​လောက်တယ်လို့လဲ မထင်ဘူး
လို​အပ်​နေတာ 'လွတ်လပ်မှု' ပါဘဲ..
ကိုယ့်လူမျိုး​တွေ တိုင်းတစ်ပါး လက်​အောက်ခံကလွတ်ပြီး ​နောက်ဆံမတင်းရယ်​မော နိုင်ဖို့ပါဘဲ

သူက သတင်း​ပေး တပ်သား ။ လုပ်ကြံတဲ့ တပ်သား ။ တစ်ကိုယ်​တော်တပ်သား ။

#ပတ္တမြား လူငယ်အဖွဲ့

____________

မှောင်မိုက်​နေတဲ့ လမ်းသွယ်သွယ်ထဲ လူတစ်​ယောက်က ရပ်​နေတယ် အညို​ရောင်ကုတ်ရှည် နဲ့ ဦးထုပ်ကို ခပ်ငိုက်ငိုက်​ဆောင်းထားပြီး ရှူးဖိနပ်တစ်ဖက်က ​မြေကြီးကို တူးဆွ​နေတယ်

ဒီအပြုအမူက ဒီလူက လူတစ်​ယောက်ကို ​စောင့်​နေတယ်လို့ အဓိပ္ပါယ်ရတယ်

ခဏကြာ​တော့ လမ်းထဲ လူတစ်​ယောက်ဝင်လာတယ်
သူတို့ အချင်းချင်း တိုက်မိသွားကြတယ် အကြည့်ချင်းဆုံပြီး တစ်ဖက်လူက လမ်းထဲက ပြန်ထွက်သွားတယ်

လက်ထဲမှာ ညိုညစ်ညစ် စာတိုတစ်ရွက်...

"​သောကြာ​နေ့ည ၆နာရီ
ကီဆန်း ​အော်ပရာရုံ"

_____________

သောကြာ​နေ့ည ။ ကီဆန်း​အော်ပရာရုံ ။

ကီဆန်း​အော်ပရာရုံရှိရာ လမ်းထဲ လူ​တွေ အများကြီး ဝင်ထွက်​နေတယ် ... လူကုံထံ​တော်​တော်များများ​ပေါ့ရှင်းရှင်း​ပြောရရင် ကိုယ့်လူမျိုးသစ္စာ​ဖောက်တဲ့သူ ​ခေါင်းပုံဖြတ်တဲ့သူ​တွေနဲ့ တိုင်းတစ်ပါးသား​တွေဘဲ...

အော်ပရာရုံရဲ့​ရှေ့မှာ လူ​တွေ ကြိတ်ကြိတ်တိုး​နေတယ်
လူတစ်​ယောက်က ​ငွေတုံးတစ်တုံးကို ပစ်​ပေးလိုက်တယ် ထိုလူက အ​မေးအမြန်းမရှိ အထဲဝင်ခွင့်ရတယ်

Kingdom & Freedom (One Short)Donde viven las historias. Descúbrelo ahora