All These Years[Unicode]

766 79 9
                                    

ဆိုလ်းမြို့တစ်နေရာရဲ့ တိုက်ခန်းတစ်ခု။

ညနေစောင်း အချိန်ဖြစ်တာမို့ မီးမှိတ်ထားသော တိုက်ခန်းငယ်ဟာ ပို၍မည်းမှောင်နေသလို။
လိုက်ကာကြားက တိုးဝင်နေသော အလင်းရောင်ဖျော့ဖျော့က အိပ်ရာပေါ်တွင် အိပ်ပျော်နေသော လူငယ်လေးရဲ့ မျက်နှာပေါ်ကို တည့်တည့်ကျနေသည်။

ထိုအလင်းငယ်ကြောင့် လူငယ်လေးခမျာ အိပ်မရတော့။သူတစ်ချက်လူးလိမ့်ကာ ပျင်းကြောတစ်ချက်ဆန့်ရင်း အိပ်ရာပါ်တွင်ထထိုင်လိုက်သည်။

မကြာခင် မြည်လာတော့မည့် စားပွဲပေါ်က နှိုးစက်နာရီကို လှမ်းပိတ်ရင်း အကြည့်တို့က နာရီဘေးက မှန်ဘောင်ခတ်ထားသော ဓာတ်ပုံလေးဆီသို့ရောက်သွားသည်။

ပန်းစည်းကိုင်ထားသော အသားဖြူဖြူနှင့် ပုသေးသေးကောင်လေးအား အနောက်ကနေ အားကြီးနှင့်သိုင်းဖက်ကာ ပြုံးပျော်နေသော ကောင်လေးရဲ့ လေးထောင့်ဆန်ဆန် အပြုံးလေးက အသက်ဝင်လွန်းလှသည်။

သူထိုဓာတ်ပုံလေးကို ယူပြီး ပြုံးနေသောကောင်လေးပုံရဲ့ နဖူးတည့်တည့်ကို အနမ်းတစ်ပွင့်ပေးလိုက်ကာ တစ်စုံတစ်ရာကို ရေရွတ်လိုက်သည်။

"လွမ်းလိုက်တာ....ယောင်းငယ်ရယ်"

သူသက်ပြင်းတစ်ချက်ချကာ တပတ်တစ်ထည်ကို ယူပြီး ရေချိုးခန်းထဲသို့ဝင်သွားလိုက်သည်။မျက်ဝန်း ထောင့်က စိုစွတ်မှုကိုတော့ လစ်လျူရှုရင်း...။

ဒါတွေဟာ ယွန်းဂီရဲ့ နေ့စဉ်လုပ်ငန်းစဉ်တွေထဲက အရေးကြီးတစ်ခုပင်။

--------

ဆိုလ်းရဲ့ ဆောင်းတွင်းကတော့ ရာသီတွေဘယ်လောက်ပြောင်းပြောင်းထုံးစံအတိုင်း အေးမြဲ အေးဆဲ။အခုဆို ဒီဇင်ဘာလ ထဲရောက်လာပြီမို့ ဒီရက်ပိုင်းတွေဆို ပို၍အအေးပိုလာသည်။

ဆောင်းဒဏ်ကို အံတုနိုင်ရန် ယွန်းဂီတစ်ယောက် အနွေးထည်ထူကြီးဝတ်ပြီး အခန်းပြင်ကို ထွက်လာသည်။လူကောင်သေးတာမို့ လူက အနွေးထည်အကြီးကြီးကြားမြှုပ်နေလေရဲ့။
ဒါကိုတစ်စုံတစ်ယောက် ပေးထားသော အဖြူရောင် မာဖလာလေးကိုပါ ပတ်လာသေးတော့ ယွန်းဂီခမျာ ဖက်ထုပ်ဖြူလုံးလေးသဖွယ် ဖြစ်နေသည်။

You've reached the end of published parts.

⏰ Last updated: Dec 18, 2020 ⏰

Add this story to your Library to get notified about new parts!

All These Years(Eden Contest)Where stories live. Discover now