Unicode
အချစ်ဦး ...
အင်း ... သိပ်ကို လှပတဲ့ ဝေါဟာရလေး တစ်ခုပေါ့ ။
ကမ္ဘာပေါ်မှာ ကံကောင်းသူတွေသာ အချစ်ကို ရှာဖွေတွေ့ရှိနိုင်တယ်တဲ့ ...
ဒါဆို အချစ်ကို တွေ့ရှိခဲ့သည့် ကျွန်တော်သည်
ကံကောင်းသူ တစ်ဦးလား ...နောက် ... အချစ်ဦးနှင့် ပတ်သတ်သည့့်အရာတိုင်းသည် Sweet Memories အဖြစ် ကျန်ရစ်နေသည်ကရော သိပ်ကို ကံကောင်းလွန်းခဲ့တာလား ။
ဘာပဲဖြစ်ဖြစ် ကျွန်တော် သူ့ကို ချစ်ခဲ့သည် ။
ချစ်နိုင်သလောက် ချစ်ခဲ့ပြီး ချစ်နိုင်သည်ထက်လည်း ပို၍ ချစ်ခဲ့သည် ။အခု သူ ကျွန်တော့်ဘေး မရှိတော့ပေမယ့်ပေါ့ ...
*****
အထက်တန်း ပထမနှစ် ...
အထက်တန်းေရာက်ပြီဖြစ်၍ ကျောင်းတွေမဖွင့်ခင်ကတည်းက ကျူရှင် ကြိုတက်ထားရသည် ။ Taehyungတို့ နှစ်ရပ်ကွက်ကျော်မှ အတန်ငယ် နာမည်ကြီးသော စာသင်ဝိုင်းတွင် အမေက နာမည်စာရင်းအပ်ကာ လစာ ပေးထားပြီးပြီဖြစ်၍ ကျွန်တော် မသွားချင်သော်လည်း သွားရပေဦးမည် ။
ကျောင်းပိတ်ရက်တောင် အပြည့်အဝ မနားရသည့် ကိုယ့်ဘဝကို တွေးရင်း သနားလွန်းလို့ အစားသာ ဖိစားလိုက်သည် ။
ကျွန်တော့်အကျင့်က အစားစားေနရင် စိတ်ဖိစီးမှုတွေ ပျောက်ကွယ်သွားတတ်သည်မို့ ....
“ Kim Taehyung ရေ မသွားသေးဘူးလား ။ မနက် ၈ နာရီ ထိုးေတာ့မယ်ဟဲ့ ။ တကတည်း မပြီးနိုင်မစီးနိုင် စားနေတာ ”
အမေ့အသံစူးစူးသည် သူမအသုံးပြုနေသော
ဖုန်စုပ်စက်ကြီးမှ တဂျီဂျီမြည်သံကြီးကိုတောင် ထိုးဖောက်နိုင်၏ ။တကယ်တော့ အမေကလေ Heavy Metal ဆိုတဲ့ အဆိုတော် ဖြစ်လာရမှာ ။ အသံအောင်ချက်ကတော့ လက်ဖျားခါမတတ် ။
“ အမေကလည်း ဒီသားလေးတစ်ေယာက်တည်းပဲ ရှိတာကို သူစိမ်းတွေဆီ အလွယ်တကူလွှတ်လိုက်တော့မလို့လား ”
“ ဟဲ့ ငါက နင့်ကို ကျူရှင်သွားခိုင်းနေတာလေ ”
“ အင်းလေ ။ ကျူရှင်မှာ သူစိမ်းတွေပဲ ရှိတာကို ။ သားပြောတာမဟုတ်လို့လား ”