Chapter (2)

2.1K 24 1
                                    

လှပပြီး စည်ကားတဲ့ ရောင်ခြည်တွေ ဖြာထွက်နေတဲ့ ကမ္ဘာအသစ်ကို ငါအသေအချာ မျက်မြင်
တွေ့ခဲ့တယ် ။

အဲ့ကမ္ဘာအသစ်ထဲမှာ

ငါ ကုယီးလျန် ကိုပြုံးပြခဲ့တဲ့အခါမှာ ငါ့မျက်လုံးတွေက အရည်လဲ့နေတယ် ။

ကုယီးလျန်နဲ့ပုခုံးချင်း တိုက်မိတဲ့အခါမှာလဲ
ငါ့နှလုံးသားလေးက ဘာမှစဥ်းစားမရ ဖြစ်နေတယ် ။

ကုယီးလျန်နဲ့ တူတူသရုပ်ဆောင်တဲ့အခါမှာလဲ ခေါင်းကိုအောက်စိုက်ထားပြီး ငါအရမ်းရှက်နေခဲ့တယ် ။

ရုပ်ရှင်အဖွဲ့သားတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောတဲ့အခါမှာလဲ ငါတို့ရဲ့ နှလုံးသားတွေက စိတ်ထဲကနေ ချိတ်ဆက်စကားပြောနေတယ်။

အဲကမ္ဘာအသစ်ထဲမှာ

ကုယီးလျန်က ငါ့ကို ပြုံးပြတဲ့အခါမှာလဲ ငါ့ကိုစကားပြောချင်တဲ့စိတ်ကို သူထိန်းချုပ်နေတယ် ။

ကုယီးလျန်က ငါ့နဲ့ ပုခုံးတိုက်မိတဲ့အခါမှာလဲ ငါ့ဘေးနားကထွက်သွားဖို့ သူ မနှစ်မြို့ ဖြစ်နေလိမ့်မယ် ။

ကုယီးလျန်နဲ့တူတူ သရုပ်ဆောင်တဲ့အခါ
ကုယီးလျန်က ခေါင်းစိုက်ထားပြီး  သူ့အချစ်တွေကို ထိန်းချုပ်ဖို့ ကြိုးစားနေတယ် ။

ကုယီးလျန်က ရုပ်ရှင်အဖွဲ့သားတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောပြန်တော့လဲ တခြားသူတွေရဲ့ မသ်ကာမှုက ရှောင်ရှားဖို့ ဟန်ဆောင်နေတယ် ။
T/N - အပေါ်ကပြောထားတဲ့စကားတွေက Fanတွေ ship တဲ့စကားတွေပါ ။

ငါတို့မတ်တပ်ရပ်နေတဲ့အခါ ဒါမှမဟုတ် ထိုင်နေတဲ့အခါ၊ သွားနေတဲ့အခါ ဘယ်အခြေအနေဖြစ်ဖြစ် အပေါ်ကလိုမျိုး စာနာဂရုမထားတဲ့
အချစ်က ဆက်တိုက်ဖြစ်နေခဲ့တယ် ။
T/N - Fan တွေ ship နေတာကိုပြောတာပါ ။

အကယ်၍ ငါတို့ brand တူတူဝတ်တဲ့အခါ၊
အဲ့အဓိပ်ပါယျက ငါတို့ ပွင့်ပွင့်လင်းလင်း အချစ်တွေကို ဖော်ထုတ်တဲ့ပုံစံ ဖြစ်သွားတယ်။

အကယ်၍ ငါတို့ အဝတ်အစား တူတူဝတ်တဲ့အခါ
အဲ့အဓိပ်ပါယျက ငါတို့ လျို့ဝှက်စွာ ချစ်နေကြတယ်တဲ့။

我嗑了对家X我的CP (I ship my opponent × Me)Where stories live. Discover now