༆𝙿𝚊𝚛𝚝-1༆

445 25 7
                                    

"ငါတို့ လမ်းခွဲရအောင်"

"အင်း"

"ဘာပြောစရာမှမရှိတော့ဘူးလား?"

Park Jin Soo တစ်ယောက် အနည်းငယ်အံ့ဩသော မျက်နှာအနေအထားဖြင့် သူရှေ့က လူတစ်ယောက်အား မေးလိုက်၏။

သူမေးလိုက်သည်နှင့်တစ်ပြိုင်နက် အရှေ့ကလူဆီမှ ခပ်ဩဩရယ်သံများမှာ ခရားရေလွှတ်လိုက်သလို ပေါ်ထွက်လာ၏။မကြာလိုက်။ ရယ်နေရင်းနဲ့ကပင် မျက်နှာပြန်တည်လိုက်ကာ

"မင်းဘက်က တစ်ချိန်မဟုတ်တစ်ချိန် ဒီစကားပြောမယ်ဆိုတာသိနေတာကို မေးစရာမေးခွန်းရှိသေးလို့လား?"

အရှေ့ကလူရဲ့ တုံပြန်စကားကြောင့် တစ်ချိန်တည်းမှာပဲ ပျက်သွားသော Park Jin Soo။သို့သော် မျက်နှာထားအား ပြန်ထိန်းကာ

"တောင်းပန်ပါတယ်..."

တောင်းပန်စကားပြောလိုက်သော်လည်း အရှေ့ကလူဆီမှ ခပ်မဲ့မဲ့အပြုံးမှလွဲ၍ ဘာတုံပြန်မှုမှမရလိုက်။

လူသားနှစ်ယောက် လမ်းဆုံကိုရောက်ပြီး လမ်းကွဲသွားသည်။စားပွဲပေါ်က ကော်ဖီနှစ်ခွက်မှာလည်း အေးစက်လျက်။အပြင်မှာလည်း မိုးတဖွဲဖွဲရွာနေဆဲ...

မိုးရေထဲလမ်းလျှောက်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ နာကျင်မှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ မျက်ရည်ကို ဘယ်သူမြင်နိုင်မှာလဲ။

                ⋅︓︒︑∘∗✧∘ »—•—«⋅︓︒︑∘∗✧

နောက်ကျိနေသောခေါင်းဝေဒနာနှင့်အတူ နိုးထလာရသော သူရဲ့မနက်ခင်း။
နာရီကို လှမ်းကြည့်လိုက်တော့ နံနက်6နာရီ။

မနေ့က မိုးရေထဲ လမ်းလျှောက်လာသောကြောင့် ကိုယ်လည်းနည်းနည်းနွေးနေသည့်အပြင် တစ်ကိုယ်လုံးမသယ်ချင်လောက်အောင် လေးလံနေသလိုပင်။

ကျန်းမာရေးချူချာသည့် ကိုယ့်ကိုကိုယ် စိတ်ပျက်မဆုံး။နေမကောင်းဖြစ်တိုင်း နှစ်သိမ့်ခံချင်တဲ့ မိမိအား ထွေးနှစ်သိမ့်ပေးမဲ့သူမရှိ၍ ပိုပြီး စိတ်ပျက်မိ၏။

နောက်ဆုံးကျတော့လည်း ငါကို ထားပစ်ခဲ့ကြတာချည်းပါပဲ အဟက် ဖြတ်လျှောက်တွေပဲ ငါဘဝထဲကို ခဏတာလာလည်တဲ့ ဧည့်သည်တွေ။

•.༄Memories༄.• //Vkook\\Where stories live. Discover now