༆𝙿𝚊𝚛𝚝-4༆

113 18 2
                                    

Jungkook အိပ်ယာနိုးနိုးချင်း မမြင်ချင်တဲ့ဟာတွေကို မြင်နေရရုံ သူရဲ့ တစ်နေ့တာမနက်ခင်းအား နိဒါန်းမလှတော့။

မနက်စာကို အဖေနောက်မိန်းမနဲ့ပါသွားပြီးတည်းကိုက အိမ်မှာ စားချင်စိတ်မရှိ။ ရှင်းရှင်းပြောရင် အိမ်မှာကို မနေချင်ပေ။ထွက်သွားလို့ရပေမဲ့ ထွက်သွားရမဲ့သူက ကိုယ်မဟုတ်၊ ဟိုသုံးယောက်ဖြစ်၍ ကြိတ်မှိတ်နေရလေသည်။

ထို့အပြင် အမေရဲ့ အယောင်ဆောင်သူတော်ကောင်းတွေက ရာရာစစ သူတို့မိသားစုရဲ့ ထမင်းဝိုင်းမှာ ထိုင်နေ၍ ပိုပြီး မစားချင်စိတ်‌ပွားလာပြန်သည်။

စီးနေကျ ပြိုင်ကားအား ထုတ်ကာ ဦးတည်ချက်မဲ့ရာ မောင်းသွားလိုက်၏။
ရင်ထဲက အစိုင်အခဲတွေက ဖွင့်ချရာ နေရာတစ်နေရာဆီသို့.......

မီးပွိုင့်မိသွားတော့ ဘာရယ်မဟုတ် ဘေးဘီကို ဝေ့ကြည့်နေရင်း ခေါင်းထဲမှာ နေရာယူထားတဲ့ အဖြူထည်လေးကို တွေ့လိုက်၏။ မုန့်ဆိုင်သေးသေးလေးရဲ့ အရှေ့ပိုင်းကို မှန်သားများဖြင့် ကာထားသောကြောင့် အထဲကို ကောင်းစွာမြင်ရ၏။

ဆွယ်တာဆင်စွယ်ရောင်လေးနှင့် စတိုင်ဘောင်းဘီအမည်းအရှည်လေးမှာ ရိုးရိုးသာမန်ဖြစ်နေသော်လည်း ထိုလူသားလေးနဲ့ကျတော့ လိုက်ဖက်လွန်းသည်ထက် ပိုနေရော။ စားပွဲခုံပေါ်တွင် လက်ထောက်ကာ တစ်ခုခုကို မျှော်နေပုံရသည့် လူသားလေးမှာ သူ့အတွက် ကြည့်မဝ။

ခေါင်းထဲမှာတင် မက မျက်ဝန်းထဲမှာပါ နေရာယူသွားသော ထိုလူသား။ထိုလူသားနဲ့ တွေ့ဆုံခြင်းမှာ နိ‌ဒါန်းမကောင်းသော်လည်း နိဂုံးကောင်းချင်မိ၏။
နိဂုံးထိရော ရောက်နိုင်ပါ့မလား။

‌ငေးကြည့်နေရင်း ဦးနှောက်ထဲ ခန္ဓကိုယ်က ပိုမြန်နေသလိုပင်။ ဆိုင်ထဲကိုတောင် ရောက်နေပြီဖြစ်၍ ငေးကြည့်နေရတဲ့ လူသားဆီကိုသာ ခပ်သုတ်သုတ်လေးသွားလိုက်၏။ဗိုက်ဆာနေသည့်ပုံရသည့် ကောင်လေးမှာ သူ ထိုင်ခွင့်တောင်းတာကိုပင် တစ်ချက်မှ မော့မကြည့်ကာ ခေါင်းသာငြိမ့်ပြီး မုန့်စားနေ၏။

ဒီနေရာမှာ ကိုယ်မဟုတ်လည်း တခြားသူ‌ထိုင်ခွင့်ပေးမှာပဲလား ငယ်ရယ်

•.༄Memories༄.• //Vkook\\Tempat cerita menjadi hidup. Temukan sekarang