"နှင်း မောင်ဒီမှာ "
အပြာနုရောင်ဝမ်းဆက်ဝတ်ထားပြီး မြန်မာဆန်ဆန်လှပနေသော မိန်းမငယ်
ဆိုင်ထဲသို့ ဝင်လာသော ထိုမိန်းမငယ်၏ ခြေလှမ်းများသည် တုံ့နှင်းစွာဖြင့်
"စောင့်နေတာကြာပြီလား မောင်
နှင်း လမ်းမှာ ပစ္စည်းတစ်ခုဝင်ယူနေလို့ပါ မောင့်ကိုအံသြစေချင်လို့
"" ဘာပစ္စည်းများလဲ နှင်း "
" နှင်း ဒါက "
မောင်ဆိုသော လူကြည့်လိုက်သောပစ္စည်းမှာ Weddingဖိတ်စာ
ဖိတ်စာရ့ဲထိပ်စီးမှာ တွေ့လိုက်ရတ့ဲ နာမည်ကတော့မနှင်းဟေသာ 💕 မောင်မြတ်သူရ တို့၏Weddingဧည့်ခံပွဲ
" နှင်း ဒါမဟုတ်ဘူးမလား မောင့်ကိုနောက်နေတာမလား"
"နှင်း နောက်နေတယ်ထင်နေတာလား မောင် နောက်နှစ်ရက်ဆိုရင် နှင်းWeddingဆောင်ရတော့မယ် အဲ့ဒါမောင်သိအောင်လာပြောတာ မောင်မယုံချင်ယုံ ယုံချင်ယုံနေပါ "
"အာ နှင်းကလည်းကွာ ဒါကြီးကဖိတ်စာအတုကြီးမလား "
"အတုလို့ထင်ချင်လည်းထင်ပေါ့ မောင် နောက်နှစ်ရက်နေရင် မောင်အဖြေသိရမှာပဲဟာ ကဲဒါဆိုနှင်းကိုသွားခွင့်ပြုပါအုန်း ဝတ်စုံသွားရွေးရအုန်းမယ် "
ပြတ်သားသော စကားများနှင့် ထွက်သွားသောခြေလှမ်းများအား မောင် ကြည့်ပြီးနားမလည်နိုင်
မောင်နဲ့နှင်းတွဲခဲ့တာ၃နှစ်တောင်ရှိနေပြီ သူမဘာကြောင့် ထိုမြတ်သူရဆိုသည့်လူအား လက်ထပ်ဖို့ဆုံးဖြတ်လိုက်ရတာလဲဆိုင်အတွင်း ထောင့်တစ်နေရာမှာ ထိုင်နေသော လူတစ်ယောက်သည် နှင်းဆိုသောမိန်းကလေး ပေးခ့ဲသည့် ဖိတ်စာအားကြည့်ရင်း ပုလဲလုံးလေးတွေ တဖြည်းဖြည်း စီးကျလာသည်။
ထိုမိန်းကလေးကတော့ ဆိုင်ကထွက်ပြီးသည်နှင့် သူ့ကိုစောင့်နေသော ကားပေါ်သို့တက်သွားလေပြီ။
"Hello ငါ့ကိုလူတစ်ယောက်အကြောင်းစုံစမ်းပေးပါ "
"နှင်း ဘာဖြစ်နေတာလဲ ခုနက သူငယ်ချင်းတစ်ယောက်ကို သွားတွေ့ပြီးထဲက နှင်း မှိုင်နေတယ်နော် "
"နှင်း နှင်း ဘာမှမဖြစ်ပါဘူး ဘာဝတ်စုံရွေးရမလဲလို့ပဲ တွေးနေတာပါ ""နှင်းကပိန်ပြီးသားပဲ နှင်းကဘာဝတ်ဝတ်လိုက်မှာပါ "
မောင်သာဆိုအဲ့လိုပြောမည်မဟုတ်
မောင်က နှင်းရယ် ပိန်လိုက်တာ နည်းနည်းဝအောင်စားပြီး ပြည့်ပြည့်ဖောင်းဖောင်းလေးဖြစ်နေအောင်လုပ်ပြီး Weedingဝတ်စုံကို လှပတာလေးရွေးရင် နှင်းဘယ်လောက်လှလိုက်မလဲ မောင်တော့မျက်စိထဲမြင်ယောင်နေတယ်နော်ခု ဒီမြတ်သူရဆိုတဲ့လူနဲ့ မောင်နဲ့က ဆီနှင့်ရေလို ကွာခြားလွန်းသည်။
ထားပါတော့ ဒါတွေကနှင်းရဲ့ရွေးချယ်မှုပဲလေ ကိုယ့်ရွေးချယ်မှုအတိုင်းပဲဆက်လုပ်လိုက်ရုံပေါ့"ကိုမြတ် ကားမှန်တံခါးလေးချပေးပါလား လေကောင်းလေသန့်လေးရှုချင်လို့"
"ရပါတယ် နှင်းသဘောအတိုင်းပါပဲ"
သူချပေးသော ကားတံခါးမှန်ကနေ လေကိုရှုကာ အတွေးများစွာက ဘောင်ဘင်ခတ်လျက် ရွေးချယ်မှုတွေက မှန်ခ့ဲရင်တစ်မျိုး ရွေးချယ်မှုမှားယွင်းခဲ့ရင်တော့ လွတ်မြောက်အောင် ကြိုးစားရုံပဲ ရှိတော့တာပေါ့