Like a bullet in my chest
You're written bound and etched
Forever in my mindသီချင်းသံတွေ လွှမ်းနေသောနေရာတစ်ခု
ထိုသီချင်းသံနှင့်အတူ စီးမျောလိုက်ပါကာ ကောင်မလေးတစ်ယောက်ဆွေးနေလို့ရယ်
ထိုကောင်မလေးကတော့ အရက်ကိုတစ်ခွက်ပြီး တစ်ခွက် သောက်နေသော်လည်း အရက်ထဲတွင်တော့ သူမနဲ့သူမချစ်သူကောင်မလေးရဲ့အမှတ်တရတွေ သူမနှင့်အတူ ရှိခ့ဲဖူးတဲ့ပုံရိပ်လေးတွေကို ဖန်ခွက်ထဲသို့ အရက်အဖြစ်ရောလောင်းထည့်ကာ သောက်နေခြင်းဖြစ်သည်။မူးလားဆိုတော့လည်း မမူးဘူး။အရာအားလုံးကပုံမှန်ပါပဲ။
ပုံမှန်မဟုတ်တာက ခံစားချက်တွေကို ရောပြွန်ပြီဲး အရက်အဖြစ်သောက်နေတဲ့ ကောင်မလေးပေါ့။သူမနာမည်က ကြည်ဖြူမောင်
အသားကမဆိုစလောက်လေးညိုတယ်
မျက်လုံးလေးတွေဆိုလည်း အရောင်လက်လက်လေး
အရက်သောက်နေတဲ့ နှုတ်ခမ်းလေးကတော့ မထူတထူလေးပေါ့။အရက်ကိုကြိုက်လို့မဟုတ် နှင်းဟေသာ ဆိုသောကောင်မလေး အသည်းခွဲသွားလို့ သောက်နေခြင်းသာ။
" Hey ဟိုမှာ မောင်မဟုတ်ဘူးလား။"ကောင်မလေးတစ်ယောက်၏ မေးသံ
"ဘယ်မှာလဲ ငါမတွေ့ဘူး" နောက်ထပ်ကောင်မလေးတစ်ယောက်၏ ပြန်ဖြေသံ
"ဟိုမှာလေ ထောင့်တစ်နေရာလေးမှာထိုင်နေတာလေ ဟိုမှာ ဟိုမှာ"
"Awwတွေ့ပြီ တွေ့ပြီ ဒါန့ဲသူက တော်ရုံဆိုအရက်မသောက်တတ်ဘူးလေ"
"Aနော် သွားမေးကြည့်ရအောင်"
"ကြည်ဖြူမောင်ရေ ကြည်ဖြူမောင်"
ဖန်ခွက်ထဲသို့ အရက်လောင်းထည့်မယ်ရွယ်တုန်း ကိုယ့်နာမည်ခေါ်သံကြားတာမို့ လှည့်ကြည့်မိတော့
ထူးထူးန့ဲနွေးနွေးဖြစ်နေတယ်"နင်တို့နှစ်ယောက်ဘယ်လိုရောက်လာကြတာလဲ"
"ဒီလိုပါပဲ ဘားဆိုတဲ့နေရာကိုမရောက်ဖူးလို့လာကြည့်တာပါ နင်ကကော ဘာလို့ရောက်လာတာလဲ"
"ငါလည်း ဒီလိုပါပဲ ပျင်းလို့ နင်တို့လာလက်စန့ဲသောက်သွားပါလား"
"တော်ပါပြီ ဘားဆိုတဲ့နေရာက မိုက်တယ်ဆိုလို့လာကြည့်တာပါ ခုတော့ပျင်းခြောက်ခြောက်ကြီီး"
"ထူး နင်ဟာလေ မြို့ပေါ်မှာနေပြီး စရိုက်ကတောသူစရိုက်"
"ဒီလိုမျိုးကို ရိုးအတယ် တုံးတယ်လို့ခေါ်တယ် ကြည်ဖြူမောင်ရဲ့"
"မိန်းမ နင်နော် ငါ့ကို"
"ဘာဖြစ်လဲ နင်က ရိုးအတယ် တုံးတယ်လေ နင်အလိမ်ခံရတာလဲ ခနခနပဲလေ"
"တော်ပြီ ရန်ဖြစ်မနေကြန့ဲတော့"
သူ့ရှေ့မှာ ရန်ဖြစ်တော့မဲ့အရိပ်အယောင်မြင်ရတာကြောင့် ကြည်ဖြူမောင် ဝင်တားလိုက်ရသည်။
"ကြည်ဖြူမောင် ငါအိမ်သာသွားအုန်းမယ် မိန်းမနင်ရောလိုက်အုန်းမလား"
"မလိုက်တော့ဘူး"
"ထူး မရှိတုန်း ငါမေးအုန်းမယ် ကြည်ဖြူမောင် နင်ခါတိုင်းဘားကိုမလာတတ်ပါဘူး ဒီနေ့ကျမှဘာလို့လာ"
"ငါ နှင်းဟေသာနဲဲ့ပြတ်သွားပြီ"
"တကယ်ရီးလား con conပါ နင်နှင်းဟေသာန့ဲပြတ်သွားလို့ အသည်းကွဲလဲခနပါပဲ"
"နင်ပြောသလိုဖြစ်ရင်ကောင်းမယ်"
"အချစ်ဆိုတာ 1 go 2 comeပဲဟာ နင်နောက်တစ်ယောက်တွေ့မှာပါလို့ ငါမျှော်လင့်ပါတယ်"
"နင့်မျှော်လင့်ချက်တွေပြည့်ပါစေ"