သူ မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ပြီး ပြန်လာတော့ တိုက်အောက်မှာ ပစ္စည်းသယ်ပို့ရေးကားတစီး ရပ်နေတယ်... သူတို့တိုက်ခန်းကို လူသစ်တွေရောက်လာတာဖြစ်မယ်လို့ တွေးရင်း သူ့အခန်းဆီ တက်လာတော့ လူသစ်တွေရောက်လာတာ သူ့ဘေးခန်းဖြစ်နေတယ်.....
သူရေချိုးမနက်စာစားပြီး ရုံးသွားဖို့အပြင်ထွက်လာတဲ့ထိ ပစ္စည်းတွေတင်လို့ မပြီးသေးဘူး...ပန်ဒါရုပ်ကြီးတွေလဲ တွေ့လိုက်တာမို့ ကလေးတွေပါလာပြန်ပြီလားလို့တွေးရင်း စိတ်ညစ်သွားရတယ်...
သူတို့တိုက်ခန်းက စျေးသင့်တိုက်ခန်းမို့ အရမ်းကြီးလဲမဆိုးပေမဲ့ အရမ်းကြီးလဲ မကောင်းပေ....အသံတော့သိပ်မလုံတာမို့ ကလေးငိုသံတွေဆို အတိုင်းသားကြားရတယ်....kwon ji yong ရေ...ဂွမ်းအထုပ်လိုက် ဝယ်ထားရင် အဆင်ပြေမှာပါဆိုပြီး ကိုယ့်ကိုကိုယ်ပြန်အားပေးလိုက်ရတယ်....ကျေးဇူးပြုပြီး ကလေးတွေမပါလာပါစေနဲ့ အရှင်ဘုရား....
"တင်းတောင်" "တင်းတောင်"
ပိတ်ရက်မို့ မနက်ပိုင်းလေ့ကျင့်ခန်းတောင် ထမလုပ်ပဲ အိပ်ရာထဲမှာ ဇိမ်ခံနေပါတယ်ဆိုမှ ဘယ်သူလာနှောင့်ယှက်ပြန်တာလဲကွာ...
"ကျနော် အကို့ဘေးအိမ်ကပါ..အိမ်ပြောင်းကာစမို့ အားလုံးနဲ့ရင်းနှီးအောင် တော့ပိုကီလိုက်ဝေနေတာပါ"
"ဟင်...ဆန့်မုန့် ဝေတာမဟုတ်ဘူးလား"
"ကျနော်က တော့ပိုကီပဲကြိုက်လို့ တော့ပိုကီဝေတာ...ဆန့်မုန့်မကြိုက်ဘူး"
သွား၃၂ချောင်းလုံးပေါ်အောင် ရယ်ပြနေတဲ့ ရှေ့ကကောင်လေးကိုကြည့်လိုက်တော့ အားပါး...သွားလေးတွေက စီတန်းပြီး ဖြူဖွေးနေတာပဲ..ငွေမှင်ရောင်ဆံပင်လေးနဲ့ အရုပ်လေးကျနေရော....
နှာခေါင်းလေးက လုံးလုံးလေး...မျက်လုံးတွေပါမှိတ်လောက်တဲ့အထိရယ်ပြနေတာမို့ မျက်တောင်စိတ်စိတ်လေးတွေ တွေ့လိုက်ရတဲ့အခါ...သူ့ရင်ဘတ်ထဲက တဒုတ်ဒုတ်နဲ့...တော်သေးတာပေါ့ အသံမလုံတာ သူ့နှလုံးသားမဟုတ်ပဲ သူ့တိုက်ခန်းဖြစ်နေလို့....
နှုတ်ခမ်းလေးကလဲ မနက်အစောပိုင်းမို့ပဲလား နဂိုထဲကလား မသိ....နီထွေးနုဖက်လို့...သူ လျှာပါသပ်လိုက်မိတယ်...