ep 6

750 108 21
                                    

"ဘယ်လို လူကများ ရဲမှူးတစ်ယောက်အိမ်ကိုမီးရို့ရဲတာ
လဲ''

Namjoon အမှုဖိုင်ကို ကြည့်နေရင်း စိတ်ပျက်စွာဆို
သည်။

အခန်းထဲတွင် အမှုနဲ့ပတ်သတ်နေသော စာရွက်ပေါင်း
များစွာနှင့်ရှုပ်ပွနေသည်။
Jungkook နဲ့ Namjoon လဲတော်တော်ခေါင်းစား
နေသည်။
လူသတ်သမားသည် သက်သေပင်မရှိအောင်အကွက်
တိကျ လွန်းသည်။

"ဒေါက်..ဒေါက်''

တံခါးနှစ်ချက်ဆင့်ခေါက်အပြီးတွင် အလုပ်သမားလေး
တစ်ယောက်သည်ဦ ညွန့်ကာ

"အမှုစစ် joon နဲ့ အမှုစစ် jung ကို စခန်းမှုးခေါ်ထား
လို့''

Namjoon ခေါင်းငြိမ့်ပြလိုက်တော့ သူ့အားအလေးပြူ
ကာ ပြန်ထွက်သွားသည်။
.
.
.
"အော်...အမှုစစ်တို့ နှစ်ယောက်ကို အလုပ်အတူတွဲလုပ်
မဲ့ လူတွေနဲ့ မိတ်ဆပ်ပေးမလို့ပါ''

Namjoon နဲ့ jungkook တစ်ယောက်မျက်နှာ တစ် ယောက်ကြည့်ကာ ပခုံးတွန့်လိုက်ကြသည်။

"ဒါက Kim Taehyung! အလောင်းခွဲစိတ်တဲ့ဆရာ
ဝန်.အခုမှ အလုပ်စဝင်တာ
သူ့ဘေးက Jung Hoseok သူကတော့ မကြာသေး
ခင်ကမှ အမှုစစ်ဖြစ်တာ
ခေါ်လိုက်ရတဲ့ လိုရင်းအကြောင်းက အရင်ကလူသတ်
မှု နဲ့ အခု ရဲမှူးအိမ်မီးလောင်မှု ကိုတာဝန်ပေးချင်တာ''

Namjoon နဲ့ jungkook လက်ထဲတွင် အမှုနဲ့ပတ်
သတ်သော စာရွက်စာတန်းနဲ့ ဖိုင်တွဲများပါလာသည်။

"Taehyung မင်းနဲ့အလုပ်တူတူလုပ်ရမယ်လို့မထင်
ထားမိဘူး''

Jungkook သူ့ဘေးတွင်ပါလာသော taehyung ကို တိုးညှင်းစွာပြောသည်။
Taehyung နှုတ်ခမ်းလှုပ်ရုံသာပြုံးပြသည်။

"Hyung ကြောင့်..''

Taehyung မျက်လုံးများသည် ဆွေးရိပ်သန်းနေသည်
သွေးသားအရင်းချာဆိုလို့ အကိုတစ်ယောက်ထဲရှိခဲ့တာ
အခုတော့ အကိုကပါ ထားခဲ့သည်။

*****

"ဆိုတော့ ဘယ်ကနေစလိုက်ကြမလဲ''

တာဝန်ယူထားရသည့်အမှုတွဲအားလုံးသည် လူသတ်မှု
များဖြစ်သည်။

"ဖြစ်စဉ်ကို ခြုံ ကြည့်ရင် လူသတ်သမားက ပိုက်ဆံလို
ချင်လို့သတ်တာမဟုတ်ဘူး...သေဆုံးသူတွေက လူကုံ
ထည်တွေ.ပြီးတော့ မိသားစုလိုက် အသတ်ခံရတာ''

Revenge { COMPLETE }Nơi câu chuyện tồn tại. Hãy khám phá bây giờ