ကျွန်တော်က အထီးကျန်နေတဲ့ငှက်ငယ်လေးတစ်ကောင်။တွယ်တာစရာသံယောဇဥ်မရှိသလို နားခိုရာအိမ်ကိုလည်းမပိုင်ဆိုင်ဘူး။အေးစက်တဲ့ ပင်လယ်ထဲမှာနစ်မြှပ်နေခဲ့တဲ့ သင်းကွဲငှက်တစ်ကောင်ပဲ။
တစ်နေ့မှာတော့ ကျွန်တော့်ရဲ့မှောင်မိုက်တဲ့ကမ္ဘာငယ်လေးထဲကို နွေးထွေးတဲ့အလင်းရောင်လေး၀င်လာခဲ့တယ်။သူကအေးစက်နေတဲ့ပင်လယ်ပြင်ကနေကျွန်တော့်ကို ကယ်တင်ခဲ့တယ်။
နူးညံ့နွေးထွေးတဲ့အသွင်အပြင် ချိုသာအေးမြတဲ့အသံ ဂရုစိုက်တတ်တဲ့အမူအရာတွေက အထီးကျန်နေတဲ့ငှက်ငယ်လေးကို မျှော်လင့်ချက်တွေယူဆောင်လာပေးတယ်။
နောက်ဆုံးမှာတော့ ကျွန်တော့် ရဲ့အိမ်လေးကိုရှာတွေ့ခဲ့တယ်။ ငှက်ငယ်လေးဟာ အရှင့်သားဆိုတဲ့အကြင်နာရိပ်လေးမှာခို၀င်နားဖို့ ဆုံးဖြတ်ခဲ့တယ်။
တကယ်တော့ အရှင့်သားဟာတောက်ပတဲ့နေမင်းကြီး။
ဟန်နိုင်ငံရဲ့ ရဲရင့်ထက်မြတ်တဲ့အိမ်ရှေ့စံ။တိုင်းသူပြည်သားအားလုံးရဲ့ နှလုံးအိမ်လေး။ဒီလိုမျိုး ကောင်းခြင်းတွေနဲ့ပြည့်စုံနေတဲ့အရှင့်သားက လမ်းဘေးက တေလေငှက်လေးကို တယုတယပိုက်ထွေးခဲ့တယ်။
YOU ARE READING
Sweet Hunhan Fanart Collections
Non-Fictionပါဝင်သောပုံများသည် ကိုယ်တိုင်ရေးဆွဲထားခြင်းမဟုတ်ပါ။ Hunhan fanart လေးများကိုသဘောကျပြီးချစ်လွန်းသောကြောင့် စုဆောင်းလိုသော ရည်ရွယ်ချက်ဖြင့်သာ။ Fanart များကို Facebook, pinterest မှ save ၍ ပြန်သုံးထားခြင်းဖြစ်သည်။ #credit to al...