6

2.5K 239 10
                                    

Jkလည်းမီးမမွှေးကာငါးကိုကင်နေသည်။
ပတ်ဝန်းကျင်ကမှောင်မဲနေတာကြောင့်သဲသောင်ပြင်ပေါ်မှာပဲဓနိခင်းကာအိပ်ဖို့ပြင်ထားသည်။Jkလည်းဘောင်းဘီတို့ခြောက်အောင်မီးလှုံရသေးသည်။Yoongiကတော့သူနဲ့မဆိုင်သလိုဒူးလေးပိုက်ကာငြိမ်နေသည်။

"မသာ....ဇိမ်နဲ့နေမနေနဲ့.....လာကူဦးဟ"

Jkအော်ပြောတော့Yoongiကဆူပုတ်ကာ

"ငါအိမ်ကိုလွမ်းလို့ပါကွ....အကိုကခုချိန်ဆိုငါကခရီးသွားတယ်ပဲထင်မှာ"

Jkလည်းစိတ်မကောင်းဖြစ်သွားသည်။

"မင်းကလည်းကွာ.....အကိုမရှိလည်းဘာဖြစ်လဲ"

"ငါချမ်းတယ်ကွ....အကျီမရှိတော့ပိုချမ်းတယ်။အိမ်မှာဆိုငါအိပ်ပျော်နေရင်အကိုကစောင်လာခြုံပေးတာကွ....ပြီးတော့ငါတစ်ယောက်ထဲဒီမှာအထီးကျန်နေပြီကွ"

"ငါရှိတာပဲကို"

"မင်းကငါ့ကိုမုန်းနေတဲ့သူလေကွာ...."

Yoongiပြောရင်းငိုနေတာကြောင့်Jkလည်းဘာမှဆက်မပြောတော့ပဲငါးတစ်ကောင်ကိုသူ့ကိုပေးလိုက်သည်။

Yoongiလည်းဗိုက်ဆာနေလို့ထင်သည်။မငြင်းပဲကောင်းကောင်းစားနေသည်။

"မင်းအရမ်းချမ်းနေလား"

Jkမေးတာကိုဘာမှပြန်မဖြေပဲခေါင်းငြိမ့်ပြရုံသာငြိမ့်ပြသည်။Jkလည်းသူ့ဆီလျှောက်သွားကာသူ့နောက်မှာထိုင်ရင်းကိုယ်ငယ်လေးကိုအနောက်ကဖက်လိုက်သည်။

"ဟေ့ရောင်....ဘာ...ဘာလုပ်တာလဲ"

Yoongiပြောရင်းရုန်းတော့Jkကပိုမိုတင်းကြပ်စွာဖက်ရင်း

"ငြိမ်ငြိမ်နေ....အရမ်းချမ်းနေတယ်မလား"

Yoongiလည်းအဲ့တော့မှငြိမ်ငြိမ်နေပေးလိုက်သည်။

ပင်လယ်ပြင်ကတော့လှိုင်းကြပ်ခွပ်လေးတွေနှင့်လရောင်အောက်မှာသာယာလျက်။

➖➖➖➖➖➖➖➖➖➖➖➖➖➖

"ငါတို့ဘာဆက်လုပ်ကြမလဲ......"

ဆရာမေးတော့4ယောက်လုံးမဖြေနိုင်။အမှန်ဆိုသူတို့လည်းကံကောင်းပြီးလက်မတင်လေးအသက်ရှင်ခဲ့ရတာမလားးးးYoongiတို့ကကမ်းနဲ့ပိုဝေးနေလို့ထွက်မပြေးနိုင်ခဲ့ဘူး။

🏁RACE🏁(complete)Where stories live. Discover now