Page 1

17 3 0
                                    

စုန်းပညာ .....
အင်မတန် ကြောက်ဖို့ကောင်းသော အတက်ပညာ တစ်မျိုးပါ

သို့သော်လည်း နေရာတိုင်း အရာတိုင်းမှာ အဆိုးနဲ့အကောင်းဆိုတာကတော့ ရှိမြဲမို့

ဤပညာ၌လည်း အဆိုးအကောင်းဟူ၍ ရှိမှာသေချာလေသည်

အခေါ်အဝေါ်အားဖြင့်

"စုန်းဖြူ" နှင့် "စုန်းမဲ" ဟူ၍သာ ..........

<><><><><><><><><><><><><><><><>

ညို့မိုင်းနေသော ကောင်းကင်ယံသည် နေ့ခင်း အချိန်ဟူ၍ပင် ထင်ချင်စရာမရှိ မှောင်ကျနေသော ဝန်ကျင်းကား အတန်ငယ် တိတ်ဆိတ်နေသောကြောင့် ရင်ဆိုင်ရမည့် အန္တရယ်ကို အာရုံခံ၍မရ

ခရမ်းနုရောင် ဝတ်စုံနှင့် သူမ၏ရုပ်အသွင်သည် အတော်ပင် တည်ငြိမ်သရောင် ရှိလှသော်လည်း ရင်ခွင်အတွင်းမှ သားငယ်၏ ကံကြမ္မာသည်မည်သို့မည်ပုံ ကြုံစုံလာအုံးမည်ကို  မှန်းဆရင်း ရင်လေးလှသည်

အဖွားဖြစ်သူ၏ ပညာကို လက်ဆင့်ကမ်း အမွေရလာသော သားငယ်ဟာ " Magus "
တစ်ဦးအနေနှင့် မွေးဖွားလာခြင်းကို ပျော်ရွင်၍ မရနိုင် စုန်းလောကဦးဆောင်သူတွေ အနေနှင့် လက်ခံမည် မဟုတ်ချေ .....

* May .. စိတ်ပူမနေပါနဲ့ကွာ ကိုယ်တို့သားလေးကို ကိုရအောင်ကာကွယ်မှာပါ *

* Harry သားကို သူတို့ထိခိုက်အောင် .. *

* ဟေ့  May ဘာတွေကြောက်နေတာလည်း ?? ကိုတစ်ယောက်လုံးရှိတယ် ဟုတ်ပြီလား ပြီးတော့ အောက်မှာ James တို့ရောက်နေပြီ သားကို သိပ့်ပြီးဆင်းခဲ့တော့ စောင့်နေမယ် *

May ကိုသာ ဖြောင်းဖျနေရပေမယ့် ကိုယ်တိုင်းလည်း စိုးထိတ်လှသည် သွေးနှောနေသော သားငယ်ကို စုန်းတွေတင်မဟုတ် အခြားသော ပညာရှင်တွေပါ အလိုရှိသည်မဟုတ်

ဧည့်ခန်းထဲ၌ Jamesတို့နှင့် အတူထိုင်နေသော August ကြောင့် ပို၍ အားတက်ရပေသည်
King of Firedrake ဖြစ်တာကြောင့်ပင်

Harry  :::::   August !! မတွေတာကြာပြီ ဘယ်ပျောက်နေတာလည်း ??

August  :::::::  Dragon တွေပြသာနာ နည်းနည်း ရှိလို့ပါကွာ ပြီးတော့ ငါလည်း အဖေဖြစ်နေပြီလေ အိမ်ကပ်ရမှာပေါ့

Going to the death Where stories live. Discover now