"Park Jimin....ဘယ်သွားမလို့လဲ"
"အလုပ်ကိစ္စ အပြင်သွားမလို့"
အေးစက်လွန်းတဲ့ တုံ့ပြန်မှုကြောင့် Jung Kook ရယ်လိုက်သည်။ သူတို့နှစ်ယောက် တွဲလာသည်က နှစ်နှစ်နီးပါးရှိနေပေမယ့် ဆက်ဆံရေးက တွေ့မြင်ရသည့်အတိုင်း အက်ကွဲနေတာ ပိုပြီးတော့ကို ဆိုးလာခဲ့သည်။
"သူနဲ့ သွားတွေ့မလို့ဆို သွားတွေ့မယ်ပေါ့....ဘာလို့ လာလိမ်နေတာလဲ မသိတဲ့လူတွေကျလို့"
"ကျစ်! မင်းမပြီးနိုင်တော့ဘူးလား
Jeon Jung Kook....ငါတို့က သာမန်ခင်တဲ့လူတွေလို့ မင်းကို ဘယ်နှစ်ခါပြောရမလဲ"Jung Kook Jiminအား အထုတ်တခု ပြစ်ပေးလိုက်ကာ....
"သာမန်ခင်တဲ့လူတွေက ဒီလိုတွေလုပ်တာလား Park Jimin!"
Jimin Jung Kook ပေးသည့် အထုတ်အား ဖွင့်ကြည့်လိုက်တော့ ထွက်ပေါ်လာသည့် ဓာတ်ပုံတွေကြောင့် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သူမေ့နေခဲ့တာ ဒီကောင်လေးက ရက်စက်လွန်းတဲ့ Mafia ခေါင်းဆောင်တယောက်ဆိုတာ။
"မင်းသူ့ကိုတော့ ဘာမှမလုပ်ထားဘူးမလား
Jeon Jung Kook""ငါသူ့ကို ဘာလုပ်လုပ် မင်းအပူလား Park Jimin....မင်းရဲ့ သာမန်ခင်တဲ့ လူတယောက်ကို ဘာလို့ ဒီလောက်ထိတောင် ပူပန်နေရတာလဲ"
"Jeon Jung Kook!"
မျက်လုံးတွေ အနီရောင်ပြောင်းလာကာ စိုက်ကြည့်လာသည့် ချစ်ရသူကြောင့် Jung Kook နာကျင်စွာနဲ့ ပြုံးမိသွားသည်။ ပိုချစ်မိတဲ့လူက ပိုခံစားရတာက လိမ်ညာတာ မဟုတ်ခဲ့ဘူးပဲ။
"အဲ့တော့ ခင်ဗျား စိတ်ဆိုးပြတော့ရော....ငါက အရင်ကလို စိတ်မဆိုးပါနဲ့ဆိုပြီး ချော့ပေးရမလားဟမ် Park Jimin!"
Dominate Alpha တယောက်၏ Alpha Tone ကိုထုတ်သုံးလာသည့် Jung Kook ကြောင့် သူက Elemental Omega တယောက်ဖြစ်နေတာတောင် မနည်းတောင့်ခံနေရသည်။ Jung Kook ဒီထပ်ပိုပြီး အားစိုက်လာရင် သူတကယ်ကို မေ့လဲရတော့မှာပင်။
"ငါတို့စတွဲကတည်းက ငါပြောခဲ့တယ်မလား..... တကယ်လို့ တနေ့မှာ ဒီလိုတွေဖြစ်လာခဲ့ရင် ငါ့ကိုမလိမ်ပါနဲ့လို့လေ....မင်း အဲ့ကောင်နဲ့ ဖောက်ပြန်တာကို ငါ့ကို အမှန်အတိုင်း ပြောခဲ့ရင် ငါက အဲ့ကောင်ကို သတ်ပြစ်ပြီးတော့ မင်းကို ဆွဲထားမှာမို့လို့လား Park Jimin!"
YOU ARE READING
ᴡʀᴏɴɢ ᴘᴇʀsᴏɴ