Memory Bring Back...

1.3K 118 18
                                    

Zawgyi~

ကျွန်​​တော်​က စာဖတ်​ရတာကိုနှစ်​သက်​တာ​ကြောင့်​ စာ​ရေးဆရာတစ်​​ယောက်​ဖြစ်​ပြီး ကျွန်​​တော့်​ချစ်​ခင်​ပွန်း​လေးက​တော့ ပန်းပင်​​လေး​တွေချစ်​မြတ်​နိုးတာ​ကြောင့်​ နာမည်​ရတဲ့ပန်းဆိုင်​​လေးကို cafe ​လေးနဲ့တွဲဖွင့်​ထားတယ်​​ဗျ။

ရိုးရှင်းတဲ့ဘဝ​လေးမှာပဲ တစ်​​ယောက်​ကိုတစ်​​ယောက်​သိပ်​ချစ်
ကြတယ်​။

အချင်းချင်းသိပ်​ချစ်​ကြတဲ့ ကျွန်​​တော်​တို့နှစ်​​ယောက်​လုံးက သဘာဝတရားကိုချစ်​မြတ်​နိုးသလို ခရစ်​စမတ်ေ​န့​လေးကိုလည်း သိပ်​တန်​ဖိုးထားတယ်​။ကျွန်​​တော်​တို့နှစ်​​ယောက်​ကို စုံစည်း​စေခဲ့တာ​ကြောင့်​​ပေါ့။

⛄❄🎄

ဒီဇင်​ဘာ​ဆောင်းတွင်းမနက်​ခင်းအချိန်​​လေးဟာ ငြိမ်​သက်​စွာသာယာလှပ​နေလွန်း၏။နှင်းစက်​က​လေးများဟာ သစ်​ရွက်​​လေးများအ​ပေါ်မှ စီးကျလာသလို အိမ်​​ခေါင်​မိုးများအ​ပေါ်တွင်​လည်း နှင်းခဲများကပ်​​နေပြန်​သည်​။

သန့်​ရှင်းသပ်​ရပ်​​နေ​သော လမ်းမ​လေးတစ်​ခု၏​ဘေးတွင်​ ပန်းများမြိုင်​ပြီးလှပ​သော ခြံ​လေးတစ်​ခြံရှိသည်​။အ​တော်​အသင့်​ကျယ်​ဝန်း​သောခြံအတွင်း ​နေချင်​စဖွယ်​ ​အပြာ​​ရောင်​နှစ်​ထပ်​တိုက်​ပု​လေးဟာ နှင်းများကပ်​လို့​နေ၏။

နေ​ရောင်​တိုးဝင်​​နေ​သောအ​ပြာနု​ရောင်​အခန်း​လေးအတွင်းရှိ ကုတင်​​ကျယ်​အ​ပေါ်တွင်​ ​ကောင်​​လေးနှစ်​​ယောက်​သည်​အိပ်​​မောကျလျက်​ရှိကြသည်​။အေးချမ်း​နေ​သော ရာသီဥတုတွင်​ ထို​ကောင်​​လေးနှစ်​​ယောက်​ဟာ ပန်းနု​ရောင်​ဂွမ်း​စောင်​​အောက်​တွင်​ ​လေတိုးစရာမရှိ​အောင်​ ​နွေး​ထွေးစွာ ​ပွေ့ဖက်​အိပ်​​နေကြ၏။

"Joonie အွန်း ချမ်းလိုက်​တာ"

ရင်​ခွင်​ကျယ်​အတွင်းမှလူးလွန့်​လာ​သောနှုတ်​ခမ်းဖူးဖူး​လေးများပိုင်​ဆိုင်​ထားသည့်​​ကောင်​​လေးက အိပ်​​ပျော်​​နေ​သေး​သော ချစ်​သူခင်​ပွန်း​လေးကိုပိုတိုးလို့ဖက်​လာ​လေ​၏။ချမ်း​အေးလွန်း​သော ရာသီဥတုအ​ခြေအ​နေ​ကြောင့်​ အချင်းချင်းအ​နွေးဓာတ်​ရရှိရန်​လိုအပ်​တယ်​။

Memory bring back....{ NamJin } Oneshot Where stories live. Discover now