Chapter 2: ဇာတ်ကြောင်း လက်ခံခြင်း

363 28 0
                                    

ဇာတ်ကြောင်းအရ သူမ (မေရိုစ့်) အခု ရောက်နေတဲ့ခန္ဓာကိုယ်ကတော့ ဗီလိန်မ မေရီရိုစ့် ဖြစ်သည်။ သူမက အနုပညာနယ်ပယ်က အပြစ်ကင်းစင်တဲ့ပုံလေးနဲ့ တော်တော်ကို လှပတဲ့ကောင်မလေး တစ်ယောက် ဖြစ်တာကြောင့် ဇာတ်လိုက်မင်းသမီးဖြစ်တဲ့ အိန်ဂျယ် ကိုယ်တိုင် သူမရဲ့ ကိုယ်စားလှယ်မန်နေဂျာအဖြစ် ကမ်းလှမ်းလာတာ ဖြစ်သည်။ အိန်ဂျယ်ဟာ အရည်အချင်းရှိတဲ့ မန်နေဂျာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ အနုပညာရှင်တွေ အပေါ်အလေးထားပြီး တိုးတတ်အောင်မြင်အောင် လုပ်ပေးလေ့ရှိသည်။ အနုပညာအသိုင်းအဝိုင်းဆိုတဲ့အတိုင်း ကျောထောက်နောက်ခံမရှိဘဲ အခုမှ စဝင်လာတဲ့ မေရီရိုစ့် အတွက် ခက်ခဲမှာကို အိန်ဂျယ်က ခန့်မှန်းမိိသည်။ ဒါကြောင့် တချို့အထင်ကရ party တွေကို ခေါ်ပြီး အသိုင်းအဝိုင်းကြီးတွေနဲ့ အဆက်အသွယ်ရဖို့ အမြဲခေါ်သွားတတ်သည်။

ဒါကို မေရီရိုစ့်တစ်ယောက် မနှစ်သစ်လေဘူး။ သူမ အတွေးကတော့ ကိုယ်ပိုင်အရည်အချင်းနဲ့သာ သူမ အောင်မြင်အောင်လုပ်ချင်တာပဲ ရှိလေတယ်။ တချို့ seniorတွေရဲ့ အပြောအရ အိန်ဂျယ် ဒီလိုပွဲတွေ ခေါ်သွားတာဟာ အဲ့လိုကျောထောက်နောက်ခံတွေ ရဖို့၊ တနည်းပြောရရင် sponsor ရစေဖို့ပဲ။ ဒါကြောင့် တခြားသူတွေက မေရီ့ ကို မနာလို၊ အားကျကြတာပေါ့။ အိန်ဂျယ်က သူ့အနုပညာရှင်တိုင်းကို ခေါ်တာမဟုတ်ဘူး။ သူမက သေချာချင့်ချိန်ပြီးမှ ရွေးခေါ်တတ်တာဖြစ်တယ်။ ဒါကို မေရီ တစ်ယောက် နားမလည်ဘူး။

သူမက အဲ့လို sponsor ရှိတဲ့သူတွေကော၊ ရှာပေးတဲ့သူတွေကိုပါ အထင်အမြင်သေးစွာ ကြည့်လေ့ရှိတယ်။ ဒါပေမယ့် သူမက မင်းသမီးဖြစ်ချင်တော့လည်း သူမရဲ့မန်နေဂျာကို ဒီလိုတွေ မလုပ်ချင်ဘူးဆိုတာ ပြန်မပြောရဲဘဲ မကျေနပ်ချက်တွေကို စိတ်ထဲမှာပဲ သိမ်းထားတတ်တော့သည်။ တနေ့မှာ အိန်ဂျယ်ဟာ မေရီ့ကို အထင်ကရ ပါတီပွဲကြီး တစ်ခုကို ခေါ်သွားသည်။ အဲ့ဒီပွဲမှာ ဇာတ်လိုက်မင်းသား အက်စတွန် တတ်ရောက်မှာဖြစ်သည်။ ဇာတ်လိုက်ဟာ အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ ပုံစံမျိုးကို သဘောကျတာကို သိတဲ့ အိန်ဂျယ်ဟာ မေရီ့ကို ဇာတ်လိုက်ဖြစ်သူနဲ့ ဇယားဖြစ်ပြီး အထောက်အပံ့ရစေချင်တာဖြစ်တယ်။
ဒါပေမယ့် မေရီနဲ့ အက်စတွန်ရဲ့ ပထမဆုံးတွေ့ဆုံမှု့က ကတောက်ကဆသာဖြစ်ခဲ့သည်။ အိန်ဂျယ်ဟာ သူမတို့ ကံဆိုးတော့မယ်ဆိုတာကို ကြိုမြင်မိတော့ မေရီ့လက်ကိုသာဆွဲပြီး ဇာတ်လိုက်ကို ဒူးထောက်ကာ တောင်းပန်စေခဲ့တာဖြစ်သည်။ ထိုအချိန်မှာတော့ မေရီဟာ ရေးကြီးခွင်ကျယ်နဲ့ အရူးလိုတောင်းပန်နေတဲ့ အိန်ဂျယ်ကို နားမလည်စွာကြည့်မိသည်။ ပြီးတော့ အက်စတွန်ကိုလည်း ဘဝင်လေဟပ်တဲ့ လူဆိုပြီး မကျေမနပ်ကြည့်ရင်း ပေကပ်ကပ်နဲ့သာ အဖြစ်တောင်းပန်လိုက်တော့သည်။ ပထမဆုံးအမြင်အနေနဲ့ မေရီ့အပေါ် အက်စတွန်ရဲ့ အမြင်ဟာလဲ ကောင်းမနေခဲ့ဘူး။ ဒါပေမယ့် အိန်ဂျယ့်မိသားစုနဲ့ ရင်းနှီးတာကြောင့် အက်စတွန်ဟာ အဲ့ကတောက်ကဆမှု့ကို လျော်လိုက်တာဖြစ်သည်။
ဒါပေမယ့် ဒုတိယအကြိမ်အဖြစ် မေရီဟာ အထင်ကရပါတီတစ်ခုမှာ အက်စတွန်နဲ့ ထပ်တွေ့ကြပြန်သည်။ ပထမအကြိမ်အရှက်ကွဲပြီးနောက်မှာ မေရီဟာ အိန်ဂျယ်ကို ပိုသာအမြင်ကပ်လာပြီး မလွန်ဆန်နိုင်လို့ ဒီလို party ပွဲတွေ ထပ်လိုက်လာခဲ့ရသည်။
အရင်တခေါက်လို အဖြစ်မျိုးထပ်ကြုံမှာစိုးတဲ့ မေရီဟာ party အပြင်ဘက်က ရေကန်ဘေးမှာ ထိုင်နေခဲ့တာဖြစ်တယ်။ အဲ့အချိန်မှာပဲ party ကျင်းပတဲ့ hotel ကို ကိစ္စတစ်ခုကြောင့် ရောက်လာတဲ့ အက်စတွန်ဟာ ဆေးခပ်ခံလိုက်ရသည်။ ဒါကြောင့် သူက ထောင်ချောက်ထဲ မကျရအောင် အပြင်ကို ပြေးထွက်လာရင်း ရေကူးကန်ထဲ ပြုတ်ကျသွားတော့သည်။

TVV: Transmigrated as a villainous vixen Where stories live. Discover now