မုန်း၍ဖြင့် မနေရစ်စေလို
"ရှေးကကြမ္မာငွေ့ကြောင့်" ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း ယောက်မတို့လေ။ ။ ရှင်လူထွက်သစ်၊ဆယ့်သုံးနှစ်က၊ချစ်တဲ့သူကို၊အယူတခြား၊မိထွေးများက၊ဆီးတားဆို၊ရစ်ကိုထောင်ကာထားရတယ်။ ။ နွမ်းနယ်တစေ့၊ ရှေးကပါကြမ္မာငွေ့ကြောင့်၊ မတွေ့ရတာကြာတောင်းငံ့ကြာမှ၊မျက်နှာတူရူ၊သူလည်းအလာ၊မယ်သာအမှောင်၊ နေဝင်ကျော်၊ဒွေးတော်အိမ်ပါး၊ တောင်ဆီနားသို့၊ယ...